Kureမြို့မှ အသိပေးချက် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ (မြန်မာဘာသာ)

【တီဘီရောဂါ စစ်ဆေးမှု ခံယူကြပါစို့ 】

▼သက်ဆိုင်သောသူ :တီဘီရောဂါ စစ်ဆေးမှု ခံယူထားခြင်းမရှိသော ၆၅နှစ်နှင့်အထက်ရှိသူ (အဆုတ်ကင်ဆာစစ်ဆေးမှု ခံယူထားသူများ ထပ်မံစစ်ဆေးရန် မလိုအပ်ပါ။)
●ကျန်းမာရေးစင်တာ အနောက်ဆောင် (Nishi hokenစင်တာ)
▼နေ့ရက် : ဇန်နဝါရီလ ၁၇ရက်၊ ဖေဖော်ဝါရီလ ၇ရက်၊ မတ်လ ၇ရက် (တနင်္လာနေ့)
●ကျန်းမာရေးစင်တာ အရှေ့ဆောင် {Higashi hokenစင်တာ} (Hiro Shimin စင်တာ ဒုတိယထပ်)
▼နေ့ရက် : ဇန်နဝါရီလ ၂၅ရက်၊ ဖေဖော်ဝါရီလ ၂၂ရက်၊ မတ်လ ၂၂ရက် (အင်္ဂါနေ့)
※မည်သည့်ရက်မဆို နေ့လည် ၁နာရီမှ ၃နာရီအထိ (ကြိုတင်စာရင်းပေးသွင်းရန် မလိုပါ၊ အခမဲ့)
▼စုံစမ်းမေးမြန်းရန် : Chiki-hoken-ka 0823-25-3525


【နှစ်ကုန် နှင့် နှစ်သစ်ကူးရက်များအတွင်း အမှိုက်များ လိုက်လံ သိမ်းယူခြင်းနှင့် စပ်လျဉ်း၍

ဒီဇင်ဘာလ ၃၁ရက် (သောကြာနေ့) မှ ဇန်နဝါရီလ ၃ရက် (တနင်္လာနေ့) အထိ အမှိုက်များ လိုက်လံ သိမ်းယူခြင်းပြုမည်မဟုတ်ပါ။
※အချို့နေရာများတွင် ဒီဇင်ဘာလ ၃၀ရက် (ကြာသပတေးနေ့) နှင့် ဇန်နဝါရီလ ၄ရက် (အင်္ဂါနေ့) တို့တွင်လည်း အမှိုက်များ လိုက်လံ သိမ်းယူခြင်းပြုမည်မဟုတ်ပါ။ သို့ဖြစ်ပါ၍ အမှိုက်စွန့်ပစ်ခြင်း ပြက္ခဒိန်တွင် အမှိုက်များလိုက်လံ သိမ်းယူမည့်ရက်စွဲအား စစ်ဆေးပေးပါ။
▼စုံစမ်းမေးမြန်းရန် : Kankyo-gyomu-ka 0823-74-9100