Kureမြို့မှ အသိပေးချက် ၂၀၂၂ခုနှစ် မတ်လ (မြန်မာဘာသာ)

【စည်ပင်အခွန်နှင့်ပတ်သက်သော ထောက်ခံစာ】

ဧပြီလသည် သင်၏အလုပ်နေရာနှင့်ကျောင်းများတွင် ဝင်ငွေ၊ အခွန်နှင့်ပတ်သက်သော ထောက်ခံစာများ တင်သွင်းရန် လိုအပ်လာမည့်ကာလဖြစ်သည်။ ရည်ရွယ်ချက်ပေါ်မူတည်၍ လိုအပ်သော ထောက်ခံစာအမျိုးအစား၊ ခုနှစ်စသည်တို့သည် ကွဲပြားသဖြင့် ကြိုတင်စစ်ဆေးပြီးမှ လျှောက်ထားပါရန် မေတ္တာရပ်ခံအပ်ပါသည်။

▼ထောက်ခံစာ အမျိုးအစား : ဝင်ငွေထောက်ခံစာ (shotoku-shomei) ၊ အခွန်စာရင်းပြထောက်ခံစာ (kazei-shomei)၊ အခွန်ပေးဆောင်မှု ထောက်ခံစာ (nozei-shomei)
▼ထုတ်ဝေပေးသည့် ဌာန: မြို့နယ်အခွန်ဌာန (shimin-zei-ka)၊ ၊ shimin-madoguchi-ka ၊ သက်ဆိုင်ရာ Shiminစင်တာ၊ အထွေထွေ ဝန်ဆောင်မှု ကောင်တာ (shimin service corner)
▼လိုအပ်သောပစ္စည်းများ : ကာယကံရှင်ဖြစ်ကြောင်း အတည်ပြုနိုင်သော အထောက်အထားကတ်( My Number Card၊ ယာဉ်မောင်းလိုင်စင်၊ ကျန်းမာရေး အာမခံကတ်စသည်)
※ကိုယ်စားဖြစ်ပါက ကိုယ်စားလှယ်လွှဲစာ လိုအပ်သည်။
▼အခကြေးငွေ : တစ်ခုလျှင် ယန်း ၃၀၀
※ဝင်ငွေထောက်ခံစာ (shotoku-shomei) ၊ အခွန်စာရင်းပြထောက်ခံစာ (kazei-shomei) တို့အား My Number Cardကို အသုံးပြု၍ ၂၄နာရီ စတိုးဆိုင်များ (စတိုးဆိုင်မှ ထုတ်ပေးသည့် ဝန်ဆောင်မှုရှိသောဆိုင်များ)တွင်လည်း ထုတ်ယူနိုင်ပါသည်။ ( တစ်ခုလျှင် ယန်း၂၀၀နှုန်းဖြင့် ဒီဇင်ဘာလ ၂၉ရက်မှ ဇန်နဝါရီလ ၃ရက်နေ့နှင့် ဝန်ဆောင်မှု ရပ်ဆိုင်းထားသောရက်များမှ လွဲ၍ နံနက်၆နာရီခွဲမှ ည၁၁နာရီအထိ ထုတ်ယူနိုင်ပါသည်။)
※၂၀၂၂ခုနှစ်( ၂၀၂၁ခုနှစ်စာ)၏ ထောက်ခံစာအား ဇွန်လမှစ၍ ထုတ်ပြန်သွားပါမည်။ ပြေစာနှင့် ကိုယ်စားလှယ်လွှဲစာတို့အား မြို့၏ Home Pageမှ ထုတ်ယူနိုင်ပါသည်။
https://www.city.kure.lg.jp/soshiki/42/shisei144.html
▼စုံစမ်းမေးမြန်းရန် : မြို့နယ်အခွန်ဌာန  Shimin-zei-ka 0823-25-3193


【အမျိုးသားကျန်းမာရေး အာမခံနှင့် နှောင်းပိုင်းကာလ သက်ကြီးရွယ်အို ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု အာမခံကို ပေးဆောင်ရန် မမေ့ပါနှင့်】

မတ်လသည် ၂၀၂၁ခုနှစ်အတွက် အာမခံကြေး (အမျိုးသားကျန်းမာရေး အာမခံနှင့် နှောင်းပိုင်းကာလ သက်ကြီးရွယ်အို ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု အာမခံ) ကို ပေးဆောင်ရန် နောက်ဆုံးကာလဖြစ်သည်။ ပေးဆောင်ရန် မေ့လျော့ခြင်း ရှိမရှိကို ငွေပေးချေလွှာတွင် ထပ်မံစစ်ဆေးပါ။
ပင်စင်မှ ထုတ်ယူခြင်း ( Tokubetsu-choshu ) မဟုတ်သောသူများအတွက် ဘဏ်မှတဆင့် ငွေလွှဲခြင်းသည် ပို၍ အဆင်ပြေသည်။ ဘဏ်မှတဆင့် ငွေလွှဲရန် မြို့တွင်းရှိ ဘဏ်များတွင် လျှောက်ထားနိုင်ပါသည်။

▼ဘဏ်မှတဆင့် ငွေလွှဲရာတွင် လိုအပ်သော အရာများ : ဘဏ်စာအုပ် သို့မဟုတ် ငွေသားကတ်၊ ဘဏ်စာအုပ်၏ မှတ်ပုံတင် တံဆိပ်တုံး၊ အမျိုးသားကျန်းမာရေးအာမခံကတ်နှင့် နှောင်းပိုင်းကာလ သက်ကြီးရွယ်အို ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု အာမခံကတ်
※သတ်မှတ်ထားသော ကာလအတွင်း ငွေပေးချေမှုမရှိပါက နောက်ကျငွေ ထပ်လောင်းထည့်နိုင်သည်။
▼စုံစမ်းမေးမြန်းရန် : အာမခံနှင့် ပင်စင်ဌာန Hoken-nenkin-ka
( အမျိုးသားကျန်းမာရေး အာမခံ )                0823-25-3153
(နှောင်းပိုင်းကာလ သက်ကြီးရွယ်အို ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု အာမခံ ) 0823-25-3156


【အလုပ်မှနှုတ်ထွက်ခြင်း သို့မဟုတ် အငြိမ်းစားယူပြီးနောက်တွင်လည်း ကျန်းမာရေးအာမခံပေးဆောင်ရန် လိုအပ်သည်】

ကုမ္ပဏီမှနှုတ်ထွက်ခြင်း သို့မဟုတ် အငြိမ်းစားယူပြီးနောက်တွင်လည်း နာမကျန်းဖြစ်မှု၊ ထိခိုက်ဒဏ်ရာရမှု စသည်တို့အတွက် ကျန်းမားရေးအာမခံ ပေးဆောင်ရန် လိုအပ်သည်။ အာမခံမရှိပါက အောက်ဖော်ပြပါများမှ တစ်ခုကို လျှောက်ထားပါရန် မေတ္တာရပ်ခံအပ်ပါသည်။

●ကုမ္ပဏီ၏ အာမခံကိုဆက်လက်အသုံးပြုခြင်း ( မိမိဆန္ဒအရ )
ကုမ္ပဏီမှနှုတ်ထွက်သည့်ရက်မှစ၍ ရက်၂၀အတွင်း ကုမ္ပဏီတွင် လျှောက်ထားနိုင်သည်။
●ဆွေမျိုးများ အလုပ်လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီတွင် မှီခိုသူအဖြင့် ကျန်းမာရေးအာမခံလျှောက်ထားခြင်း
ဝင်ငွေသည် အခြေခံလစာထက် နည်းပါက မှီခိုသူအဖြစ် ဆွေမျိုးများ အလုပ်လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီတွင် လျှောက်ထားနိုင်သည်။
●အမျိုးသား ကျန်းမာရေးအာမခံအား လျှောက်ထားခြင်း
အလုပ်မှနှုတ်ထွက်ခြင်း သို့မဟုတ် အငြိမ်းစားယူခြင်းကြောင့် အာမခံမရှိကြောင်း ထောက်ခံစာ၊ အလုပ်မှ နှုတ်ထွက်ထားကြောင်း ထောက်ခံစာအား ယူဆောင်လာ၍ အာမခံနှင်ပင်စင်ဌာန၊ shimin-madoguchi-ka နှင့် သက်ဆိုင်ရာ Shiminစင်တာ များတွင် လျှောက်ထားနိုင်သည်။
▼စုံစမ်းမေးမြန်းရန် : အာမခံနှင်ပင်စင်ဌာန Hoken-nenkin-ka 0823-25-3158