Kureမြို့မှ အသိပေးချက် ၂၀၂၂ခုနှစ် ဇွန်လ (မြန်မာဘာသာ)

【မိုးရာသီဖြစ်သဖြင့် ဘေးကင်းရာသို့ရွှေ့ပြောင်းရန် လိုအပ်သောအခါ ထုတ်လွှင့်မည့် အကြောင်းအရာများအား မိတ်ဆက်ပေးပါမည်။】

မိုးရာသီသည် ဇွန်လအစောပိုင်းမှ ဇူလိုင်လနှောင်းပိုင်းအထိဖြစ်သည်။
မိုးသည်းထန်စွာရွာသွန်းပါက အန္တရာယ်ရှိလာနိုင်သည်။ သို့ဖြစ်ပါ၍ ဘေးကင်းရာသို့ရွှေ့ပြောင်းရန် လိုအပ်ချိန်တွင် သင်၏ဖုန်းသို့ ဘေးအန္တရာယ် ကြိုတင်သတိပေးချက်များ ပေးပို့ခြင်း၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဌာနမှ အသိပေးဥဩစွဲခြင်းများ ပြုလုပ်မည်ဖြစ်သည်။

◆防災行政無線(サンプル)
警戒(けいかい)レベル3
※チャイム
こちらは,呉市(くれし)です。
土砂災害(どしゃさいがい)または洪水(こうずい)のおそれがあるため,18時(じ)に,市内全域(しないぜんいき)に警戒(けいかい)レベル3「高齢者等避難(こうれいしゃとうひなん)」を発令(はつれい)しました。
危険(きけん)な箇所(かしょ)にお住(す)まいのお年寄(としよ)りや,避難(ひなん)に時間(じかん)のかかる方(かた)は,避難所(ひなんじょ)や安全(あんぜん)な親戚(しんせき)・知人(ちじん)の家(いえ)などに速(すみ)やかに避難(ひなん)してください。
それ以外(いがい)の方(かた)も避難(ひなん)の準備(じゅんび)を整(ととの)え,早(はや)めに自主的(じしゅてき)に避難(ひなん)してください。
開設避難所(かいせつひなんじょ)は,NHKデータ放送(ほうそう)で確認(かくにん)してください。
※繰(く)り返(かえ)します。
※サイレン(📣5秒(びょう) → 止(とめ)6秒(びょう) → 📣5秒(びょう) → 止(とめ)6秒(びょう) → 📣5秒(びょう))
※チャイム

◆(သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ဌာနမှ အသိပေးဥဩစွဲခြင်း (ဥပမာ))
အသိပေးချက် အဆင့်၃
※ခေါင်းလောင်းသံ
Kureမြို့မှဖြစ်ပါသည်။
တောင်ပြို၊ မြေပြိုခြင်းနှင့် ရေကြီးရေလျှံခြင်းများဖြစ်ပွါးလာနိုင်သောကြောင့် ညနေ၆နာရီတွင် တစ်မြို့လုံးဆိုင်ရာ အသိပေးချက် အဆင့်၃ (ရွှေ့ပြောင်းရန် အသိပေးချက်) ထုတ်ပြန်မည်ဖြစ်သည်။
အန္တရာယ်ရှိသောနေရာများတွင် နေထိုင်သော သက်ကြီးရွယ်အိုများနှင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် အချိန်ယူရသောသူများမှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး စင်တာများ၊ ဘေးကင်းသော ဆွေမျိုးအိမ်၊ အသိအိမ်များသို့ အမြန်ဆုံး ရွှေ့ပြောင်းနေထိုင်ပါ။
အခြားသူများမှာ ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် ကြိုတင်ပြင်ဆင်မှုများပြလုပ်၍ မိမိဆန္ဒအလျောက် အမြန်ဆုံး ရွှေ့ပြောင်းပါ။
ဖွင့်လှစ်ထားသော သဘာဝဘေးအန္တရာယ်ကာကွယ်ရေး စင်တာများအား NHKသတင်းဌာန၏ ထုတ်ပြန်ချက်တွင်စစ်ဆေးပါ။
※နောက်ထပ်တစ်ကျော့ ပြန်ပြောပါမည်။
※ဥဩသံ(📣 ၅စက္ကန့် → ရပ်၆စက္ကန့် → 📣 ၅စက္ကန့် → ရပ်၆စက္ကန့် → 📣 ၅စက္ကန့် )
※ ခေါင်းလောင်းသံ

警戒(けいかい)レベル4
※チャイム
こちらは,呉市(くれし)です。
土砂災害(どしゃさいがい)が発生(はっせい)するおそれが高(たか)まったため,18時(じ)に,市内全域(しないぜんいき)に,警戒(けいかい)レベル4「避難指示(ひなんしじ)」を発令(はつれい)しました。
危険(きけん)な箇所(かしょ)にお住(す)まいの方(かた)は,避難所(ひなんじょ)や安全(あんぜん)な親戚(しんせき)・知人(ちじん)の家(いえ)などに今(いま)すぐ避難(ひなん)してください。
避難所(ひなんじょ)などへの立(た)ち退(の)き避難(ひなん)が危険(きけん)な場合(ばあい)には,少(すこ)しでも崖(がけ)や沢(さわ)から離(はな)れた建物(たてもの)や自宅内(じたくない)の部屋(へや)に移動(いどう)し,身(み)の安全(あんぜん)を確保(かくほ)してください。
開設避難所(かいせつひなんじょ)は,NHKデータ放送(ほうそう)で確認(かくにん)してください。
※繰(く)り返(かえ)します。
※サイレン(📣60秒(びょう) → 止(とめ)5秒(びょう) → 📣60秒(びょう))
※チャイム

အသိပေးချက် အဆင့် ၄
※ခေါင်းလောင်းသံ
Kureမြို့မှဖြစ်ပါသည်။
တောင်ပြို၊ မြေပြိုမှု ဖြစ်နိုင်ချေ တိုးလာပါသဖြင့် ညနေ၆နာရီတွင် တစ်မြို့လုံးဆိုင်ရာ အသိပေးချက် အဆင့်၄ (သက်ကြီးရွယ်အိုများစတင်ရွှေ့ပြောင်းရန်) ထုတ်ပြန်မည်ဖြစ်သည်။
အန္တရာယ်ရှိသောနေရာများတွင် နေထိုင်သောသူများမှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး စင်တာများ၊ ဘေးကင်းသော ဆွေမျိုးအိမ်၊ အသိအိမ်များသို့ ချက်ချင်းရွှေ့ပြောင်းနေထိုင်ပါ။
ဘေးကင်းရာသို့ရွှေ့ပြောင်းရန် အန္တရာယ်ရှိပါက ချောက်ကမ်းပါး သို့မဟုတ် ရွှံ့နွံထူထပ်သောနေရာများမှ ဝေးရာ အဆောက်အဦး သို့မဟုတ် သင့်အိမ်ရှိအခန်းသို့ ရွှေ့ပြောင်းကာ မိမိကိုယ်ကို ကာကွယ်ပါ။
ဖွင့်လှစ်ထားသော သဘာဝဘေးအန္တရာယ်ကာကွယ်ရေး စင်တာများအား NHKသတင်းဌာန၏ ထုတ်ပြန်ချက်တွင်စစ်ဆေးပါ။
※နောက်ထပ်တစ်ကျော့ ပြန်ပြောပါမည်။
※ ဥဩသံ(📣 ၆၀စက္ကန့်→ ရပ်၅စက္ကန့် → 📣 ၆၀စက္ကန့် )
※ခေါင်းလောင်းသံ

●NHKသတင်းဌာန၏ ထုတ်ပြန်ချက်အား စစ်ဆေးနည်း
၁။ TVဖွင့်ပါ။ ၂။ မြေပေါ်သတင်း (Chijoလိုင်း) ကိုရွေးပါ။ ၃။ ချန်နယ် 1 (NHK) ကိုနှိပ်ပါ။ ၄။ d ခလုတ်ကိုနှိပ်ပါ။

◆ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် လိုအပ်ချိန်တွင် Kureမြို့ အပြည်ပြည်ဆိုင်ရာ အသင်းအဖွဲ့၏ Facebookမှ နောက်ဆုံးရ သတင်းအချက်အလက်များအား တင်ပေးမည်ဖြစ်သည်။


【ကလေးသူငယ် ထောက်ပံ့မှု အခြေအနေ အစီရင်ခံစာအား ဇွန်လ ၃၀ရက် (ကြာသပတေးနေ့) အထိ လျှောက်ထားပါရန်】

ယခုနှစ်မှစ၍ မူအရ အလိုအလျောက် ထောက်ပံ့ကြေး ”အခြေအနေ အစီရင်ခံစာ” တင်သွင်းအား ရန် မလိုအပ်ပါ။
သို့သော် ယခုနှစ်အတွက် “အခြေအနေ အစီရင်ခံစာ” တင်သွင်းရန် လိုအပ်သောသူများထံသို့ အကြောင်းကြားစာ ပေးပို့‌နေပါသဖြင့် ဇွန်လ ၃၀ရက် (ကြာသပတေးနေ့) အထိ လျှောက်ထားပေးပါ။ လျှောက်ထားခြင်းမရှိပါက နောက်ထောက်ပံ့ကြေးများအား လက်ခံရရှိနိုင်မည်မဟုတ်ပါသောကြောင့် သေချာပေါက် လျှောက်ထားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

▼စုံစမ်းမေးမြန်းရန် : ကလေးသူငယ်ပြုစုစောင့်ရှောက်ရေး ကော်မတီ (Kosodate shien-ka) 0823-25-3173


【မြို့တော်ဆိုင်ရာ Kami-kamagari ကမ်းခြေဖွင့်လှစ်ခြင်း】

「သဲ ASOBeach in Kureမြို့ ~ပင်လယ်နှင့် ဂျပန်စီမံကိန်း~」
ကမ်းခြေချေနင်းပြိုင်ပွဲများ၊ SUP (မတ်တပ်ရပ်လှော်ခပ်ရသော လှေလှော်အားကစား) အတွေ့အကြုံများ၊
ပင်လယ်ကမ်းခြေဆိုင်ရာ အကြောင်းအရာများအား လေ့လာနိုင်သော အခွင့်အရေးများ စသည် ပင်လယ်နှင့် သက်ဆိုင်သော လှုပ်ရှားမှုများ အများအပြားရှိပါသည်။
နေ့ရက် အချိန် : ဇူလိုင်လ ၁၀ရက်( တနင်္ဂနွေနေ့) ၉:၃၀~
နေရာ : မြို့တော်ဆိုင်ရာ Kami-kamagari ကမ်းခြေ
စျေးနှုန်း : အခမဲ့

▼စုံစမ်းမေးမြန်းရန် : Kami-kamagari B&G အဏ္ဏဝါစင်တာ 0823-66-1166