Kureမြို့မှ အသိပေးချက် ( မြန်မာဘာသာ ) ၂၀၂၁ခုနှစ် ဩဂုတ်လ

【တိုင်ဖုန်းမုန်တိုင်း အန္တရာယ်မှ ကြိုတင်ပြင်ဆင်ထားကြပါစို့】

[တိုင်ဖုန်းမုန်တိုင်းမတိုင်မီ ဘေးကင်းလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်မှုများ]
●မိမိအိမ်နှင့်ပတ်ဝန်းကျင်အား လေ့လာစစ်ဆေး၍ လေအားကြောင့် လွင့်ထွက်လွယ်၊ ပြိုကျလွယ်သော ပစ္စည်းများအား အိမ်တွင်း၌လုံခြုံစွာ သိမ်းဆည်းထားပါ။
●မိုးရေများ ရေစီးရေလာ ကောင်းစေရန် ရေမြောင်းအတွင်းရှိ အမှိုက်များ၊ ရွှံ့များအား ဖယ်ရှားထားပါ။
●အရေးပေါ်အိတ် ( သောက်ရေ၊ အရေးပေါ်ရိက္ခာ၊ အရေးပေါ် အသုံးအဆောင်များ၊ အဝတ်အစားများစသည်အား ထည့်သွင်းထားသောအိတ် )၊ ကူးစက်ရောဂါမှ ကာကွယ်ရန် ( mask ၊ အပူချိန်တိုင်း ကိရိယာ၊ wet tissueစသည် ) အားပြင်ဆင်၍ အမြန်ဆုံး လုံခြုံသောနေရာသို့ ပြောင်းရွှေ့နိုင်ရန် ပြင်ဆင်ထားပါ။

●လုံခြုံသော ဆွေမျိုးအိမ်၊ အသိမိတ်ဆွေအိမ်အပါအဝင် လုံခြုံသောနေရာသို့ အမြန်ဆုံး ပြောင်းရွှေ့နိုင်ရန် နေရာ၊ လမ်းများအား ကြိုတင်လေ့လာစစ်ဆေးထားပါ။
●နောက်ဆုံးရ သတင်းအချက်အလက်များအား သိရှိနိုင်ရန် သဘာဝဘေးအန္တရယ် သတင်းအချက်အလက် အီးမေးလ်သို့ စာရင်းပေးသွင်း ထားပါ။

≪သဘာဝဘေးအန္တရယ် သတင်းအချက်အလက် အီးမေးလ်သို့ စာရင်းပေးသွင်းနည်း≫

QRကုဒ်ဖြင့်ဝင်၍ ပေါ်လာသော စာမျက်နှာတွင် အီးမေးလ်အလွတ် ( Kara-mail )ကို ပို့လျှင် လိုအပ်သော အချက်အလက်များအား ဖြည့်စွက်ရန် URL ပြန်ပို့ပေးပါလိမ့်မည်။
အသေးစိတ်အချက်အလက်အား အောက်ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.city.kure.lg.jp/uploaded/attachment/43732.pdf

[တိုင်ဖုန်းမုန်တိုင်း ချဉ်းကပ်လာသောအခါ]
●NHK သတင်းဌာနမှ မိုးလေဝသ အခြေအနေ ထုတ်ပြန်ချက်များအား စောင့်ကြည့် လေ့လာပါ။
●မုန်တိုင်း၊ မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးခြင်း၊ ဒီရေတက်ခြင်းကဲ့သို့သော မိုးလေဝသ အ‌ခြေအနေများအား ဂရုတစိုက် အစဉ်လေ့လာစစ်ဆေး၍ အမြန်ဆုံး ပြောင်း‌ရွှေ့နိုင်ရန် ပြင်ဆင်ထားပါ။
●သဘာဝဘေးအန္တရာယ်ကာကွယ်ရေး သတင်းအချက်အလက် အီးမေးလ်၊ အရေးပေါ်အစောပိုင်းအသိပေးချက် အီးမေးလ်၊ သဘာဝဘေးအန္တရာယ် ကာကွယ်တိုက်ဖျက်ရေး ကော်မတီမှ လှုံ့ဆော်သော အသိပေးချက်များမှ မိမိနေထိုင်ရာ နေရာဒေသ၏ သဘာဝဘေးအန္တရာယ် အခြေအနေများအား အစဉ်အမြဲ စောင့်ကြည့်လေ့လာပါ။
●တိုင်ဖုန်းမုန်တိုင်း ဖြတ်သန်းပြီးနောက် ၁နာရီမှ ၂နာရီအတွင်း တဖန် လေပြင်းတိုက်ခတ်နိုင်သဖြင့် သတိထားပါ။

[အန္တရာယ်ရှိသည်ဟု ယူဆပါက]
●လုံခြုံသောနေရာသို့ ပြောင်းရွှေ့ရာတွင် နှောင့်နှေးကြန့်ကြာမှုများ မရှိစေရန်အတွက် မိမိ၏ မိသားစု၊ အိမ်နီးနားချင်းများနှင့် တိုင်ပင်ဆွေးနွေး၍ အတူတကွ ထွက်ခွာပါ။
●ပြောင်းရွှေ့ထွက်ခွာရန် အချိန်ယူရသော သက်ကြီးရွယ်အိုများအနေ ဖြင့် အစောပိုင်းမှစ၍ အမြန်ဆုံး ထွက်ခွာပါ။
●ပြောင်းရွှေ့ရာတွင် အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားသော အရေးပေါ်အိတ် ( ကျောပိုးအိတ် ) တခုထဲသာ သယ်ဆောင်၍ လက်နှစ်ဖက်အား အချိန်မရွေး အသုံးပြုနိုင်အောင်ထားပါ။
●ပြင်းထန်သော လေတိုက်ခြင်း များ၊ မိုးသည်းထန်စွာ ရွာသွန်း၍ လုံခြုံသောနေရာသို့ ပြောင်းရွှေ့ရန် အခက်အခဲရှိပါက တောင်စောင်း၊ ချောက်ကမ်းပါးနှင့် ဆန့်ကျင်ဘက် အရပ်တွင်ရှိသော ဒုတိယထပ်နှင့်အထက်ကဲ့သိုသော အခန်းအတွင်းရှိ လုံခြုံသော နေရာတွင်နေပါ။

▼စုံစမ်းမေးမြန်းရန် 「Kiki-Kanri-ka」0823-25-3326


【ကလေးသူငယ် ပြုစုပျိုးထောင်ရေး ထောက်ပံ့ငွေ လျှောက်ထားခြင်း】

ကလေးသူငယ် ပြုစုပျိုးထောင်ရေး ထောက်ပံ့ငွေအား လျှောက်ထားနိုင်သူများထံသို့ အခြေအနေအစီအရင်ခံစာ「Genkyo-todoke」အားပေးပို့‌နေပါသည်။ သတ်မှတ်ထားသော အချိန်ကာလအတွင်း ကာယကံရှင် ကိုယ်တိုင် လျှောက်လွှာလာရောက်တင်ပေးပါ။

▼အချိန်ကာလ ဩဂုတ်လ ၃၁ရက် ( အင်္ဂါနေ့ ) အထိ
ဩဂုတ်လ ၂၁ရက် ( စနေနေ့ ) ၉:၀၀-၁၂:၀၀၊ ဩဂုတ်လ ၁၇ရက် (အင်္ဂါနေ့ ) နှင့် ဩဂုတ်လ ၂၆ရက် ( ကြာသပတေးနေ့ ) ၁၇:၁၅-၁၉:၀၀ တွင် 「Kosodate-Shien-ka」တခုတည်းသာ စာရင်းပေးသွင်းရန်ကောင်တာဖွင့်ချိန်အား တိုးမြှင့်ပေးသွားမည်ဖြစ်သည်။

▼နေရာ 「Kosodate-shien-ka」၊မြို့နယ်ရုံး「Shiyakusho」 ဒုတိယထပ် သို့မဟုတ် သက်ဆိုင်ရာ 「Shimin」စင်တာ
ယခုလက်ရှိအချိန်တွင် လျှောက်ထားခြင်းမရှိသော်လည်း သတ်မှတ်ထားသောအချက်အလက်များနှင့် ကိုက်ညီသူဖြစ်ပါက လျှောက်ထား သည့်လမှ ၁လအကြာတွင် ထောက်ပံ့ငွေအား လက်ခံရယူနိုင်သဖြင့် အမြန်ဆုံးလျှောက်ထားရန် အကြုံပြုအပ်ပါသည်။ ပင်စင်လစာ ( သက်ပြည့်ပင်စင်၊ မတော်တဆထိခိုက်ဒဏ်ရာရ၍ ရရှိသော လျော်ကြေးငွေ၊ ပင်စင် ( Nenkin ) ဆောင်နေသောသူမှ သေဆုံး၍ ထိုသူ၏ ဝင်ငွေအား မှီခိုနေရသူ မိသားစုမှ ရရှိသော ထောက်ပံ့ငွေ ) သည် ကလေးသူငယ် ပြုစုပျိုးထောင်ရေး ထောက်ပံ့ငွေထက်နည်းနေပါက ထိုပင်စင်လစာ၏ လိုသောပမာဏအား ရရှိနိုင်ပါသဖြင့် ဆွေးနွေး တိုင်ပင်နိုင်ပါသည်။

▼လျှောက်ထားနိုင်သူ အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကလေး၏ မိခင် သို့မဟုတ် ဖခင် သို့မဟုတ် ကလေးအား ပြုစုပျိုးထောင်နေသူ (ဝင်ငွေကန့်သတ်ချက်ရှိသည်)

▼သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့်ကိုက်ညီသူကလေး
●မိဘများ ကွာရှင်းထားခြင်း ●မိခင် သို့မဟုတ် ဖခင် သေဆုံးခြင်း
●မိခင် သို့မဟုတ် ဖခင်သည် မသန်စွမ်းသော အခြေအနေတွင် ရှိနေခြင်း
●မိခင် သို့မဟုတ် ဖခင်၏ သေဆုံးခြင်းမှာ တိကျသေချာမှုမရှိ ခြင်း
●မိခင် သို့မဟုတ် ဖခင်သည် ၁နှစ်ကျော်ကြာ စွန့်ပစ်ထွက်ခွာသွားခြင်း
●မိခင် သို့မဟုတ် ဖခင်သည် ကလေးစောင့်ရှောက်ခွင့် အတွက် တရားရင်ဆိုင်နေရသူ
●မိခင် သို့မဟုတ် ဖခင်သည် တရားဥပဒေအရ ၁နှစ်ကျော်ကြာ ဖမ်းဆီးခံထားရခြင်း
●လက်ထပ်ခြင်း မရှိဘဲ ကလေးမွေးဖွားခြင်း

▼စုံစမ်းမေးမြန်းရန်「Kosodate-Shien-ka」 0823-25-3173