Kureမြို့မှ အသိပေးချက် (မြန်မာဘာသာ) ၂၀၂၁ခုနှစ် စက်တင်ဘာလ

【စက်တင်ဘာလ ၂၁ရက်နေ့မှ ၃၀ရက်နေ့အထိ ဆောင်းဦးရာသီ တစ်နိုင်လုံးဆိုင်ရာ ယာဉ်အန္တရာယ်ကင်းရှင်းရေး လှုပ်ရှားမှု】

▼ဤလှုပ်ရှားမှု၏ အရေးကြီးသောအချက်များ ●လမ်းသွားလမ်းလာများ၊ အထူးသဖြင့် ကလေးငယ်များ၏ လုံခြုံရေး
●စက်ဘီးများအား ဘေးအန္တရာယ်ကင်းရှင်းအောင် အသုံးပြုခြင်း ●သက်ကြီးရွယ်အို ယာဉ်မောင်းများအတွက် လုံခြုံသော ယာဉ်မောင်း နှင်မှု ●နေဝင်ချိန်နှင့် ညအချိန်ကာလများတွင် ယာဉ်မတော်တဆမှုများ ဖြစ်ပွားခြင်းမှကာကွယ်ခြင်း ●အရက်သေစာ သောက်စား ၍ အန္တရာယ်များသော ယာဉ်မောင်းနှင်ခြင်းမှ ရှောင်ကြင်ခြင်း
※စက်တင်ဘာလ၃၀ရက် (ကြာသပတေးနေ့)သည်「ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုများ ဖြစ်ပွားခြင်း လုံးဝမရှိစေရန် ရည်ရွယ်သော နေ့」ဖြစ်သည်။ သို့ဖြစ်ပါ၍ ယာဉ်မတော်တဆမှုနှင့် မကြုံတွေ့ရစေရန်၊ ယာဉ်မတော်တဆမှု မဖြစ်စေရန် အထူးသတိပြုကြပါစို့။
▼စုံစမ်းမေးမြန်းရန် Chiki-kyodo-ka 0823-25-3581


My Number ကဒ်လျှောက်ထားခြင်းနှင့် စပ်လျှင်း၍ 】

[ My Number ကဒ်လျှောက်ထားခြင်း (အခမဲ့ ဓာတ်ပုံရိုက်ပေးသည်) ]
Shiminစင်တာတွင်လည်း ကဒ်လျှောက်ထားနိုင်ပါသည်။※Shimin-madoguchi-ka (မြို့နယ်ရုံး 「shiyakusho」 ပထမထပ်) တွင်လည်း လျှောက်ထားနိုင်ပါသည်။
▼နေ့ရက်•နေရာ ●စက်တင်ဘာလ ၂၈ရက် (အင်္ဂါနေ့) Showa Shimin စင်တာ ●အောက်တိုဘာလ ၁၂ရက် (အင်္ဂါနေ့) Kurahashi- shimin စင်တာ ●အောက်တိုဘာလ ၁၉ရက် (အင်္ဂါနေ့) Miyahara Shimin စင်တာ
▼အချိန် ၁၀:၀၀ ~ ၁၅:၀၀
▼လိုအပ်သောအရာများ My Numberကဒ်လျှောက်လွှာစာရွက် (kofu-shinsei-sho)
※ လျှောက်လွှာ「kofu-shinsei-sho」ပျောက်ဆုံးခြင်း၊ နေရပ်လိပ်စာ သို့မဟုတ် နာမည် ပြောင်းလဲထားခြင်းရှိပါက လျှောက်လွှာ「Shinsei-sho」အား တဖန်ပြန်ပို့ပေးမည်ဖြစ်ပါသဖြင့် မိမိ၏ဓာတ်ပုံပါဝင်သော IDကဒ် (ယာဉ်မောင်းလိုင်စင်ကဒ်) သို့မဟုတ် ကျန်းမာရေး အာမခံကဒ် အား ယူဆောင်လာပါ။

[ My Numberကဒ်လျှောက်ထားရန်အတွက် ယာယီကောင်တာအားဖွင့်လှစ်လိုက်သည်။ ]
My Numberကဒ်လျှောက်ထားရန် အသိပေးစာ(ပို့စကတ်) 「kofu-tsuchi-sho」ရောက်လာပါက စတစ်ကာအား ဖယ်ရှား၍ လက်ခံရယူရမည့် နေရာအားစစ်ဆေးပါ။
▼နေ့ရက်•အချိန် အောက်တိုဘာလ၃၁ရက်၊ နိုဝင်ဘာလ ၂၈ရက်၊ ဒီဇင်ဘာလ ၂၆ရက် (တနင်္ဂနွေနေ့) ၈:၃၀ ~ ၁၆:၃၀
▼နေရာ Shimin-madoguchi-ka (Shiyakusho ပထမထပ်)
※ကဒ်များအား သင်၏နေထိုင်ခွင့်ကဒ် 「Jumin-hyo」 ရှိရာ Shimin စင်တာတွင် သိမ်းဆည်းထားသောကြောင့် Shimin-madoguchi-ka တွင် ပြောင်းလဲထုတ်ယူလိုပါက ကြိုတင်လျှောက်လွှာတင်ရန်လိုအပ်ပါသည်။
အသေးစိတ်သိရှိလိုပါက စုံစမ်းမေးမြန်းနိုင်ပါသည်။ Shimin စင်တာသည် တနင်္ဂနွေနေ့ ပိတ်ရက်ဖြစ်သည်။
▼စုံစမ်းမေးမြန်းရန် Shimin-madoguchi-ka  0823-25-5698


【ဆွေးနွေးရန်】

[ကျွမ်းကျင်ပညာရှင်များနှင့် အခမဲ့ဆွေးနွေးတိုင်ပင်ခြင်း ※ဆွေးနွေးပွဲ အားလုံးအား ကြိုတင်စာရင်းပေးသွင်းရန် မလိုပါ။]
၁။ တရားစီရင်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်
●ဥပဒေနေ့ တစ်နိုင်ငံလုံးတပြိုင်နက်တည်းကျင်းပမည့် အခမဲ့ ဆွေးနွေးပွဲ
▼နေ့ရက်•အချိန် အောက်တိုဘာလ ၂ရက်(စနေနေ့) ၉:၀၀ ~ ၁၂:၀၀
▼နေရာ Hiro Machi-zukuri စင်တာ
▼အကြောင်းအရာ အမွေဆက်ခံခြင်းနှင့်ပတ်သက်သော မှတ်ပုံတင်ခြင်းလုပ်ထုံးလုပ်နည်းများ၊ အိမ်ခြံမြေရောင်းဝယ်ရေး၊ အရပ်ဖက် ဥပဒေအကြံပေးခြင်းစသည်
●အမွေ၊ သေတမ်းစာနှင့်ပတ်သက်သော အကြောင်းအရာများအား ဖုန်းမှတဆင့်ဆွေးနွေးနိုင်ပါသည်။
▼နေ့ရက်•အချိန် အောက်တိုဘာလ ၁၇ရက်၊ နိုဝင်ဘာလ ၂၁ရက်၊ ဒီဇင်ဘာလ ၁၉ရက်၊ ဇန်နဝါရီလ ၁၆ရက်၊ ဖေဖော်ဝါရီလ ၂၀ရက်၊ မတ်လ ၁၃ရက် (တနင်္ဂနွေနေ့) ၁၀:၀၀ ~ ၁၆:၀၀
▼အကြောင်းအရာ အမွေ၊ သေတမ်းစာနှင့်ပတ်သက်သော လုပ်ထုံးလုပ်နည်းများ
▼စုံစမ်းမေးမြန်းရန် တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်း Hiroshima Shihoshoshi-kai Jimukyoku 082-221-5345

၂။ အုပ်ချုပ်ရေးဆိုင်ရာစီမံခန့်ခွဲရေးပညာရှင်
AEON Hiroဆိုင်ခွဲ tokusetsu-kaijo
▼နေ့ရက်•အချိန် အောက်တိုဘာလ ၂ရက် (စနေနေ့) ၉:၃၀ ~ ၁၆:၀၀
Youme Town Kure (တတိယထပ်)
▼နေ့ရက်•အချိန် အောက်တိုဘာလ ၂ရက် (စနေနေ့) ၊ ၃ရက် (တနင်္ဂနွေနေ့) ၉:၃၀ ~ ၁၆:၀၀
▼အကြောင်းအရာ အမွေ၊ သေတမ်းစာ၊ ထောက်ခံစာ၊ မှန်ကန်‌‌ကြောင်း အသိအမှတ်ပြုစာ(Naiyo-shomei)၊ နိုင်ငံတကာစီးပွားရေးနှင့် ပတ်သက်သော အကြောင်းအရာများ၊ ဉာဏ်ရည်မသန်စွမ်းသူ သို့မဟုတ် ဦးနှောက်ထိခိုက်ဒဏ်ရာရမှုကြောင့် ဆုံးဖြတ်နိုင်စွမ်းလျော့ကျ သူများအား အုပ်ထိန်းမှုစသည်
▼စုံစမ်းဆွေးနွေးရန် အုပ်ချုပ်ရေးဆိုင်ရာစီမံခန့်ခွဲရေး အဖွဲ့အစည်း Hiroshimaken Gyosei-shoshi-kai Kureဌာနခွဲ 0823-76-4575

[စီးပွားရေးခရီးဥပဒေနှင့်ပတ်သက်၍ ရှေ့နေ၏အကြံပေးဆွေးနွေးပွဲ]
နေ့စဉ်ဘ၀ အထွေထွေဥပဒေရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေး‌နွေးတိုင်ပင်ရန် ရှေ့နေများအသင့်ရှိပါသည်။ (အမှုရင်ဆိုင်နေရဆဲ ကိစ္စများမပါပါ။)
Showa Machi-zukuriစင်တာ
▼နေ့ရက်•အချိန် အောက်တိုဘာလ ၁၄ရက် (ကြာသပတေးနေ့) ၁၃:၀၀ ~ ၁၆:၀၀
Hiro Shiminစင်တာ
▼နေ့ရက်•အချိန် အောက်တိုဘာလ ၂၈ရက် (ကြာသပတေးနေ့) ၁၃:၀၀ ~ ၁၆:၀၀

▼သတ်မှတ်ထားသောလူဦးရေ ၆ဦးစီ (ဦးရာသူစနစ်)
▼လျှောက်လွှာတင်ခြင်း ဆွေးနွေးပွဲကျင်းပမည့်ရက်မတိုင်ခင် တလအလိုမှ ကျင်းပမည့်ရက်၏ တစ်ရက် အလိုအထိ ဖုန်းမှတဆင့် လျှောက်ထားနိုင်ပါသည်။
▼အခကြေးငွေ အခမဲ့
▼စုံစမ်းဆွေးနွေးရန် Shimin-sodan-shitsu 0823-25-3222