Kureမြို့မှ အသိပေးချက် ၂၀၂၁ခုနှစ် အောက်တိုဘာလ (မြန်မာဘာသာ)

【နိုဝင်ဘာလ ၉ရက်နေ့မှ၁၅ရက်နေ့အထိ ဆောင်းဦးရာသီ တစ်နိုင်ငံလုံးဆိုင်ရာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလှုပ်ရှားမှု】

ဤရာသီသည် လေထုခြောက်သွေ့မှု မြင့်မား၍ မီးလောင်ကျွမ်းမှု အလွယ်တကူ ဖြစ်ပွားနိုင်သော ရာသီဖြစ်သည်။ သို့ဖြစ်ပါ၍ မီးလောင်လွယ်သောအရာများအား အသုံးပြုရာတွင် အထူးသတိပြုကြပါရန် တိုက်တွန်းအပ်ပါသည်။
[မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်း၏ အရေးကြီးသောအချက်များ]
●လဲလျောင်းလျှက် ဆေးလိပ်သောက်ခြင်းမပြုပါရန်
●အပူပေးစက်အား မီးလောင်လွယ်သောအရာများနှင့် ဝေးရာတွင်ထား၍ အသုံးပြုရန်
●ဟင်းချက်နေစဉ် Gasမီးဖိုအနီးအနားမှ ထွက်ခွာလျှင် မီးအားသေချာစွာပိတ်ပြီးမှသွားရန်
●လက်ပိုးသတ်ဆေးရည်သည် အရက်ပြန်ပါ၀င်သောကြောင့် မီးနှင့်ဝေးရာတွင် အသုံးပြုရန်
●အိမ်သုံးမီးလှန့်ခေါင်းလောင်း (Fire Alarm)အား စနစ်တကျ ထိန်းသိမ်းပြုပြင်ထားရန်
▼စုံစမ်းမေးမြန်းရန် : မီးသတ်ဦးစီးဌာန Shobokyoku yobo-ka  0823-26-0323


【မူကြိုကျောင်းဝင်ခွင့်လျှောက်ထားခြင်းနှင့် မူလတန်းကလေးများ ထိန်းသိမ်းစောင့်ရှောက်ရေးစင်တာသို့
ဝင်ခွင့်လျှောက်ထားခြင်းအား onlineမှတဆင့်လျှောက်ထားနိုင်ပါပြီ】

[ဧပြီလမှ မူကြိုကျောင်းများသို့ ဝင်ခွင့်လျှောက်ထားခြင်း]


▼လျှောက်ထားရန်ကာလ : အောက်တိုဘာလ ၂၆ရက်( အင်္ဂါနေ့ ) မှ နိုဝင်ဘာလ ၉ရက် ( အင်္ဂါနေ့ ) အထိ
※ဝင်ခွင့်လျှောက်ထားလိုသော မူကြိုကျောင်းအား သေချာပေါက် သွားရောက်လေ့လာပြီးမှ လိုအပ်သော စာရွက်စာတမ်းများအား ပြင်ဆင်၍ လျှောက်ထားရန်သတ်မှတ်ထားသော ကာလအတွင်း onlineမှတဆင့် လျှောက်ထားပါ။ အသေးစိတ်သိရှိလိုပါက Kure kosodate ဝက်ဘ်ဆိုက် www.kure-kosodate.com/တွင် လေ့လာကြည့်ရှုနိုင်ပါသည်။
သူငယ်တန်း ( Yochien ) အားတက်ရောက်လိုပါက သက်ဆိုင်ရာကျောင်းများသို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
▼စုံစမ်းမေးမြန်းရန် : Kosodate-shisetsu-ka 0823-25-3144

[ဧပြီလမှ မူလတန်းကလေးများ ထိန်းသိမ်းစောင့်ရှောက်ရေး စင်တာသို့ဝင်ခွင့်လျှောက်ထားခြင်း]


အုပ်ထိန်းသူများမှာ အလုပ်ကြောင့် ကလေးများကျောင်းဆင်းချိန် နေအိမ်တွင်မရှိနိုင်သော ကလေးများအတွက် ကျောင်းဆင်းပြီးနောက် ထိန်းကျောင်းပေးသောနေရာဖြစ်သည်။
▼လျှောက်ထားနိုင်သောကလေး : သက်ဆိုင်ရာ မြို့တွင်းရှိ မူလတန်းကျောင်းတွင် တက်ရောက်နေသော ကလေး
▼ဝင်ခွင့်လျှောက်ထားရန် ကန့်သတ်ချက် : အုပ်ထိန်းသူများသည် အလုပ်ကြောင့် ကလေးများ ကျောင်းဆင်းချိန် နေအိမ်တွင်မရှိသောရက်မှာ ၁လအတွင်း ၁၅ရက်နှင့်အထက်ရှိ၍ ထိုကဲ့သို့သောအခြေအနေမှာ ၃လနှင့်အထက်ကြာရှိရမည်။
▼လျှောက်ထားရန် : နိုဝင်ဘာလ ၁ရက် ( တနင်္လာနေ့ ) မှ ၁၅ရက် ( တနင်္လာနေ့ )အထိ 「Kosodate online shinsei」တွင် လျှောက်ထားနိုင်ပါသည်။ ( အုပ်ထိန်းသူ၏ အလုပ်လုပ်ကိုင်လျှက်ရှိကြောင်း ထောက်ခံစာ လိုအပ်သည်။) သတ်မှတ်ထားသော အချိန်ကာလအတွင်း မလျှောက်ထားနိုင်ပါက သင်၏ဆန္ဒပြုချက်အလျှောက် ဝင်ခွင့်မရနိုင်သော အခြေအနေများလဲရှိပါသည်။ အသေးစိတ်သိရှိလိုပါက Kure kosodate ဝက်ဘ်ဆိုက် www.kure-kosodate.com/တွင် လေ့လာကြည့်ရှုနိုင်ပါသည်။
▼ စုံစမ်းမေးမြန်းရန် : Kosodate-shien-ka 0823-25-3254