Kureမြို့မှ ကြေညာချက် ၂၀၂၂ခုနှစ် စက်တင်ဘာလ (မြန်မာဘာသာ)【ဆောင်းဦးရာသီ စျေးရောင်းပွဲတော်】

【ဆောင်းဦးရာသီ စျေးရောင်းပွဲတော်】

မိမိအိမ်တွင်းရှိအသုံးမလိုသော အရုပ်များ၊ အဝတ်အထည်များ၊ လက်မှုပစ္စည်းများ စသည်တို့ကို ပြန်လည်အသုံးပြုရန် ရည်ရွယ်ချက်ဖြင့် စျေးရောင်းပွဲတော်အား ကျင်းပမည်ဖြစ်သည်။

နေ့ရက်၊အချိန် : အောက်တိုဘာလ ၁၆ရက် ( တနင်္ဂနွေနေ့ ) ၁၀:၀၀~၁၄:၀၀
※မိုးရွာပါက ၂၃ရက် ( တနင်္ဂနွေနေ့ )သို့ ရွှေ့ဆိုင်းကျင်းပမည်။
နေရာ : Kuramoto-dori၊ ဗဟိုစာကြည့်တိုက် ( Chuotoshokan )ရှေ့ 「အနုပညာရင်ပြင်၊ စုဝေးရာရင်ပြင်」

▼စုံစမ်းမေးမြန်းရန်
စျေးရောင်းပွဲတော် အမှုဆောင်ကော်မတီ 090-1013-2997
အများပြည်သူအတိုင်ပင်ခံအခန်း 0823-25-3222