Kureမြို့မှ ကြေညာချက် ၂၀၂၂ခုနှစ် စက်တင်ဘာလ (မြန်မာဘာသာ)【အများပြည်သူ ဝန်ဆောင်မှုကောင်တာ လမ်းညွှန်】

【အများပြည်သူ ဝန်ဆောင်မှုကောင်တာ လမ်းညွှန်】



【အများပြည်သူ ဝန်ဆောင်မှုကောင်တာတွင် ရနိုင်သောအရာများ】

အပတ်စဉ် ကြာသပတေးနေ့တိုင်း ကောင်တာဖွင့်လှစ်ချိန် တိုးမြှင့်ခြင်း အသိပေးချက်
Kureမြိုတော်ခန်းမ ဗဟိုအဆောက်အုံ ပထမထပ်ရှိ Shimin ကောင်တာအား အပတ်စဉ် ကြာသပတေးနေ့တိုင်း
၁၉:၀၀အထိ ဖွင့်လှစ်ထားသည်။

အပတ်စဉ် ကြာသပတေးနေ့ ၁၇:၁၅~၁၉:၀၀အတွင်း လက်ခံဆောင်ရွက်ပေးသောအရာများ
・ မြို့သို့ ပြောင်းရွှေ့ခြင်း၊ မြို့မှထွက်ခွါခြင်း နှင် ပြောင်းရွှေ့ခြင်းဆိုင်ရာ အသိပေးချက်စာ
・နေထိုင်ခွင့်ကတ် မိတ္တူ၊ နေထိုင်ခွင့်မှတ်တမ်းထောက်ခံစာထုတ်ပေးခြင်း
・ မှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့် မှတ်ပုံတင်လက်မှတ်ထောက်ခံစာ ထုတ်ပေးခြင်း
・ အိမ်ခြံမြေ ပိုင်ဆိုင်မှု၊ ပိုင်ဆိုင်မှုအခွန်ထောက်ခံစာ၊ အခွန်ပေးဆောင်မှု ထောက်ခံစာ ထုတ်ပေးခြင်း
・ My numberကတ်လျှောက်ထားခြင်း၊ ထုတ်ပေးခြင်း၊ လိပ်စာ၊ အမည်ပြောင်းလဲခြင်း
・ ပြန်လည်ထုတ်ပေးသော My number အသိပေးချက်အား လက်ခံယူခြင်း

!သတိပြုရန်!
・My numberကတ်နှင့် သက်ဆိုင်သော အကြောင်းအရာဖြစ်ပါက ၁၈:၃၀မတိုင်ခင် လာရောက်လျှောက်ထားပါ။
・မိသားစုစာရင်း အသိပေးချက်နှင့် မိသားစုမှတ်ပုံတင်လက်မှတ်အား ထုတ်ယူ၍မရပါ။
・လျှောက်ထားသူသည် လူ ၃ဦးနှင့်အထက်ဖြစ်ပါက အသိပေးတိုင်ပင်ပါ။