Kureမြို့မှ အသိပေးချက် ၂၀၂၂ခုနှစ် ဇန်နဝါရီလ (မြန်မာဘာသာ)

【မတ်လ ၃၁ရက် (ကြာသပတေးနေ့) အထိ ယခုနှစ်အတွက် ကျန်းမာရေးစစ်ဆေးရန် အသိပေးချက်】

တစ်နှစ်လျှင်တစ်ကြိမ် အထူးကျန်းမာရေးစစ်ဆေးမှုများနှင့် နှောင်းပိုင်းကာလ သက်ကြီးရွယ်အို ကျန်းမာရေးစစ်ဆေးမှုများ ခံယူကြပါစို့ ယခုနှစ်အတွက် ကျန်းမာရေးစစ်ဆေးမှုခံယူချိန်တွင် လိုအပ်သော လက်မှတ်၏ သက်တမ်းကုန်ဆုံးရက်မှာ မတ်လ ၃၁ရက် ( ကြာသပတေးနေ့ ) အထိဖြစ်သည်။ သင်၏အနီးအနားရှိ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများတွင်သော်လည်းကောင်း၊ အဖွဲ့လိုက် ကျန်းမာရေးစစ်ဆေးမှုများဖြင့်သော်လည်းကောင်း စစ်ဆေးမှုခံယူနိုင်ပါသည်။
နှောင်းပိုင်းကာလ သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးစစ်ဆေးမှုခံယူရန် သတ်မှတ်ထားသော လက်မှတ်ဟူ၍ သီးသန့်မရှိပါသဖြင့် ကျန်းမာရေး အာမခံကတ်အား ယူဆောင်လာပါ။
▼သက်ဆိုင်သောသူ : [အထူးကျန်းမာရေးစစ်ဆေးမှု] Kureမြို့၏ အမျိုးသားကျန်းမာရေး အာမခံအဖွဲ့ဝင်ဖြစ်သော အသက် ၄၀~၇၄နှစ်ရှိသူ
[သက်ကြီးရွယ်အို ကျန်းမာရေးစစ်ဆေးမှု]နှောင်းပိုင်းကာလ သက်ကြီးရွယ်အို ကျန်းမာရေး စောင့်ရှောက်မှုစနစ်တွင် အဖွဲ့ဝင်ဖြစ်သော ၇၅နှစ်နှင့် အထက်ရှိသူ
▼ကြိုတင်စာရင်းပေးသွင်းရန် : [တစ်ဦးချင်းကျန်းမာရေး စစ်ဆေးမှု] ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများသို့ တိုက်ရိုက် စာရင်းပေးသွင်းပါ။
[အဖွဲ့လိုက်ကျန်းမာရေးစစ်ဆေးမှု]  ဖုန်း (သို့) အင်တာနက်မှတဆင့် စာရင်းပေးသွင်းပါ။ (လူပြည့်သည်နှင့် တပြိုင်နက် စာရင်းပိတ်ပါမည်။)
●Kureမြို့၏ ကျန်းမာရေးစစ်ဆေးမှု စာရင်းပေးသွင်းရန် စင်တာ
ဖုန်း 050-3625-3019 စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်မှ အပ ၉:၀၀~၁၇:၃၀ အထိ
●အင်တာနက်ဝက်ဆိုဒ် (Kureမြို့ ကျန်းမာရေး စစ်ဆေးမှု စာရင်းပေးသွင်းစနစ်)
၂၄နာရီ စာရင်းပေးသွင်းနိုင်ပါသည်။ အသေးစိတ်အား Kure Home pageတွင် လေ့လာကြည့်ရှုနိုင်ပါသည်။
https://www.city.kure.lg.jp/soshiki/59/kensin.html
※(အထူးကျန်းမာရေး စစ်ဆေးမှု လက်မှတ်)သည် ယမန်နှစ် ဧပြီလ အစောပိုင်းတွင် ပေးပို့ထားပြီးဖြစ်ပါသည်။ (တဖန်ပြန်လည် ပေးပို့စေလိုပါက ကျန်းမာရေးနှင့် လူမှုဖူလုံရေးဌာနသို့ ဆက်သွယ်ပေးပါ။) အမျိုးသားကျန်းမာရေးအာမခံအဖွဲ့ဝင် မဟုတ်သောသူများမှာ ကျန်းမာရေးစစ်ဆေးရန်လက်မှတ်နှင့် အထူးကျန်းမာရေးစစ်ဆေးမှု ခံယူမှုနှင့် ပတ်သတ်၍ သင်အဖွဲ့ဝင်ထားသော ကျန်းမာရေးအာမခံနေရာတွင် အတည်ပြုစစ်ဆေးပေးပါ။
https://www.city.kure.lg.jp/soshiki/59/kensin.html

▼စုံစမ်းမေးမြန်းရန် : ကျန်းမာရေးနှင့် လူမှုဖူလုံရေးဌာန Fukushi-hoken-ka 0823-25-3103


【ဆောင်းရာသီတွင် ရေပိုက် အေးခဲခြင်းများ မဖြစ်ပွားစေရန် ကြိုတင်ပြင်ဆင်ကြပါစို့

လေအပူချိန်သည် အနုတ် ၄ဒီဂရီအောက် ( လေပြင်းထန်သောနေရာများတွင် အနုတ် ၁~၂ဒီဂရီ) သို့ရောက်ရှိပါက ရေပိုက်များအတွင်းရှိ ရေအေးခဲခြင်း (သို့) ရေပိုက်များ အက်ကွဲပျက်စီးခြင်းများ ဖြစ်နိုင်ပါသည်။ သို့ဖြစ်ပါ၍ အေးခဲလွယ်သော အခန်းအပြင်ဘက်ရှိ ရေပိုက်များအား အအေးဒဏ်မှ ကြိုတင်ကာကွယ်ကြပါစို့။
●အအေးဒဏ်မှ ကြိုတင်ကာကွယ်ရန် နည်းလမ်း
ရေပိုက်များအား အပူလျှပ်ကာပစ္စည်းများ၊ အဝတ်စများနှင့် ပတ်ထားပါ။ အခန်းအပြင်ဘက်ရှိ ရေပူပေးစက်အတွက် အအေးဒဏ်မှကာကွယ်နည်းအား ညွန်ကြားချက်စာအုပ်တွင် စစ်ဆေးပါ။
●ရေပိုက်များ အေးခဲသွားပါက
ထိုရေပိုက်အား မျက်နှာသုတ်ပု၀ါဖြင့် ဖုံးအုပ်၍ ၎င်းအပေါ်မှ ရေနွေးနွေးအား ဖြည်းညှင်းစွာ လောင်းချပါ။ (ရေနွေးပူသည် ရေပိုက်အား အက်ကွဲပျက်စီးစေနိုင်ပါသည်။)
●ရေပိုက် အက်ကွဲပျက်စီးသွားပါက
မီတာဘေးရှိ အဆို့ရှင်အား ပိတ်၍ Kureမြို့ရှိ သတ်မှတ်ထားသော ရေပေးဝေရေး စက်ပစ္စည်းဆိုင် (အသေးစိတ်အား Kureမြို့ Home pageတွင်)သို့ ရေပိုက်ပြုပြင်ရန်အတွက် ဆက်သွယ်ပေးပါ။ အဆို့ရှင်၏ နေရာအားမသိပါက အက်ကွဲနေသောနေရာတွင် မျက်နှာသုတ်ပု၀ါ (သို့) ပလတ်စတစ်တိတ်ဖြင့် ပတ်၍ ရေမတွက်အောင် ပိတ်ထားပါ။
https://www.city.kure.lg.jp/site/jougesui/customer-shiteigyosha.html

▼စုံစမ်းမေးမြန်းရန် : ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန Kanro-kanri-ka 0823-26-1637