Kureမြို့မှ ကြေညာချက် ၂၀၂၂ခုနှစ် ဩဂုတ်လ (မြန်မာဘာသာ)【တိုင်ဖုန်းမုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ထားကြပါစို့】

【တိုင်ဖုန်းမုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ထားကြပါစို့】

တိုင်ဖုန်းမုန်တိုင်း ချဉ်းကပ်၊ တိုက်ခတ်နိုင်သောကာလ    ဇူလိုင်လမှအောက်တိုဘာလအထိ
တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်သောအချိန်တွင် လေပြင်းတိုက်ခြင်း၊ မိုးသည်းထန်စွာရွာခြင်းများ ဖြစ်နိုင်သည်။

【တိုင်ဖုန်းမုန်တိုင်းမတိုင်မီ ဘေးကင်းလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်မှုများ]
●မိမိအိမ်နှင့်ပတ်ဝန်းကျင်အား လေ့လာစစ်ဆေး၍ လေအားကြောင့် လွင့်ထွက်လွယ်၊ ပြိုကျလွယ်သော ပစ္စည်းများအား အိမ်တွင်း၌လုံခြုံစွာ သိမ်းဆည်းထားပါ။
●ရေမြောင်း< အိမ်အနီးတဝိုက်ရှိ မိုးရေစီးဆင်းသော လမ်းကြောင်း(တချို့မှာ အဖုံးပါ၍၊ တချို့မှာ အဖုံးမပါပါ)>တွင် အမှိုက်များ ပိတ်ဆို့နေပါက ရေလျှံလာနိုင်ပြီး အန္တရာယ်ရှိနိုင်ပါသည်။ သတိပြုမိပါက မိုးရေများ ရေစီးရေလာ ကောင်းစေရန် ရေမြောင်းအတွင်းရှိ အမှိုက်များ၊ ရွှံ့များအား ဖယ်ရှားထားပါ။
●လုံခြုံသော ဆွေမျိုးအိမ်၊ အသိမိတ်ဆွေအိမ်အပါအဝင် လုံခြုံသောနေရာသို့ အမြန်ဆုံး ပြောင်းရွှေ့နိုင်ရန် နေရာ၊ လမ်းများအား ကြိုတင်လေ့လာစစ်ဆေးထားပါ။
●အရေးပေါ်အိတ်အား ပြင်ဆင်၍ အမြန်ဆုံး လုံခြုံသောနေရာသို့ ပြောင်းရွှေ့နိုင်ရန် ပြင်ဆင်ထားပါ။
※အရေးပေါ်အိတ်မှာ အရေးပေါ် ဘေးကင်းရာသို့ ရွှေ့ပြောင်းချိန်တွင် လိုအပ်သော ပစ္စည်းများအား စုစည်းထည့်ထားသော အိတ်ဖြစ်သည်။ အလွယ်တကူ သယ်ဆောင်သွားနိုင်သော နေရာတွင်ထားပါ။

▼စုံစမ်းမေးမြန်းရန်
အရေးပေါ်အခြေအနေစီမံခန့်ခွဲရေးဌာန (Kiki-Kanri-ka) 0823-25-3326
Kureမြို့ နိုင်ငံတကာဆိုင်ရာ အဖွဲ့အစည်း (Kure kokusai koryukyokai) 0823-25-5607