Kureမြို့မှ ကြေညာချက် ၂၀၂၂ခုနှစ် ဩဂုတ်လ (မြန်မာဘာသာ)【My numberကတ် လျှောက်ထားရန် ကူညီခြင်း(ဓာတ်ပုံ အခမဲ့ရိုက်ပေးသည်။)】

【My numberကတ် လျှောက်ထားရန် ကူညီခြင်း(ဓာတ်ပုံ အခမဲ့ရိုက်ပေးသည်။)】

My numberကတ် လျှောက်ထားရန် ကူညီပေးပါသည်။

➀နေရာ Shimin madoguchi-ka (မြို့တော်ခန်းမ ပထမထပ်)
နေ့ရက်၊အချိန် ရုံးဖွင့်ရက် ၈:၃၀~၁၇:၁၅ (ကြာသပတေးနေ့ ၈:၃၀~၁၉:၀၀)
※ယာယီဖွင့်လှစ်ခြင်း ဩဂုတ်လ ၂၈ရက် (တနင်္ဂနွေနေ့) ၊ စက်တင်ဘာလ ၂၅ရက် (တနင်္ဂနွေနေ့) ၈:၃၀~၁၆:၃၀
※Myna pointလျှောက်ထားခြင်းအတွက်လဲ ကူညီပေးပါသည်။

➁နေရာ Shimin Service ကောင်တာ (Kureဘူတာတောင်ဘက်ခြမ်းရှိ Kure Tourist Plazaအတွင်း)
2-23 Takaramachi Kureမြို့
နေ့ရက်၊အချိန် နေ့စဉ် ၁၀:၃၀~၁၈:၃၀ (စက်တင်ဘာလ ၃၀ရက် (သောကြာနေ့အထိ) )
※ဩဂုတ်လ ၂၁ရက် (တနင်္ဂနွေနေ့) ၊ စက်တင်ဘာလ ၁၇ရက် (စနေနေ့) ၊ ၁၈ရက် (တနင်္ဂနွေနေ့) မပါဝင်ပါ။

●လိုအပ်သော အရာများ
My numberကတ် ထုတ်ပေးခြင်းလျှောက်လွှာ
※လျှောက်လွှာပျောက်ဆုံးပါက လျှောက်လွှာ ပြန်ထုတ်ပေးမည်ဖြစ်သဖြင့် သင်၏ဓာတ်ပုံပါရှိသော ကိုယ်ရေးအချက်အလက် စစ်ဆေးနိုင်သည့် IDကတ် (ယာဉ်မောင်းလိုင်စင်စသည်) သို့မဟုတ် ကျန်းမာရေးအာမခံကတ်ကို ယူဆောင်လာပါ။ Kureမြို့တွင်း နေထိုင်သူဖြစ်ရပါမည်။

★My numberကတ်ဖြင့်「Myna pointများ」ရယူနိုင်ပါသည်။ (ဒုတိယအကြိမ်) ၂၀၂၂ခုနှစ် ဇွန်လ ၃၀ရက်မှစ၍★
Myna pointကို My numberကတ်အား အသုံးပြု၍ လျှောက်ထားနိုင်ပြီး အများဆုံး ယန်း၂သောင်းဖိုး pointများ ရယူနိုင်ပါသည်။
လျှောက်ထားရာတွင် ငွေသားမပါသော ငွေပေးချေခြင်း ၀န်ဆောင်မှု<QRကုဒ်ဖြင့်ငွေပေးချေခြင်းများ (○○Pay)၊ အီလက်ထရောနစ် ငွေပေးချေခြင်းများ (သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု ICကတ်)၊ Credit ကတ် စသည်>တို့ လိုအပ်ပါသည်။
※My numberကတ် လျှောက်ထားရန် နောက်ဆုံးရက် : ၂၀၂၂ခုနှစ် စက်တင်ဘာလကုန်
※Myna point လျှောက်ထားရန် နောက်ဆုံးရက် : ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလကုန်
※「Myna point」နှင့်「Mynaportal」appများကို ဒေါင်းလုဒ်လုပ်ရန် လိုအပ်ပါသည်။

▼စုံစမ်းမေးမြန်းရန်
စုံစမ်းမေးမြန်းရန်(Shimin madoguchi-ka)  0823-25-5698
လျှောက်ထားနည်းအား နားမလည်ပါက Kureမြို့ နိုင်ငံတကာဆိုင်ရာ အဖွဲ့အစည်း (Kure kokusai koryukyokai)0823-25-5607