Kureမြို့မှ အသိပေးချက် ၂၀၂၂ခုနှစ် ဧပြီလ (မြန်မာဘာသာ)

【ကလေးသူငယ် ကာကွယ်ဆေးအား မှန်ကန်စွာ ထိုးကြပါစို့】

ကာကွယ်ဆေးထိုးမည့်အချိန်တွင် မိခင်နှင့်ကလေးဆေးစာအုပ်အား ယူဆောင်လာပါ။

※အထက်ဖော်ပြပါ ကာကွယ်ဆေးများမှအပ တခြားသော အခမဲ့ကာကွယ်ဆေးများလည်း ရှိပါသဖြင့် အသေးစိတ်အား ဆက်သွယ် မေးမြန်းနိုင်ပါသည်။
▼စုံစမ်းမေးမြန်းရန် : ရပ်ရွာကျန်းမာရေးဌာန (Chiki-hoken-ka) 0823-25-3525


【Kureမြို့၏ အရေးပေါ်ဆေးဘက်ဆိုင်ရာစနစ်】

ရက်သတ္တပတ်၏ကြားရက်ညအချိန်များနှင့် အားလပ်ရက်များတွင် အရေးပေါ်ဖျားနာမှု၊ ထိခိုက်ဒဏ်ရာမှုများ ဖြစ်ပွားပါက အောက်ဖော်ပြပါ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများရှိပါသည်။ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများအားမခေါ်ယူခင်တွင် ဦးစွာ မိသားစုဆရာဝန်နှင့် တိုင်ပင်ပါ။

အရေးပေါ်ကားခေါ်ယူလိုပါက 119သို့ဆက်သွယ်ပါ။
▼စုံစမ်းမေးမြန်းရန် ကျန်းမာရေးနှင့် လူမှုဖူလုံရေးဌာန (Fukushi-hoken-ka) 0823-25-3265


【အခွန်ပေးချေရန်သတ်မှတ်ကာလ ၂၀၂၂ခုနှစ်】

【အသေးစားယာဉ်အခွန်】 မေလ ၃၁ရက်နေ့အထိ
【မြို့/ခရိုင်အခွန်】တစ်နှစ်လျှင် ၄ကြိမ် အရစ်ကျပေးဆောင်နိုင်ပါသည်။

အခွန်ပေးဆောင်ရာတွင် ဘဏ်မှတဆင့်ငွေလွှဲခြင်း (သို့) ကောင်တာတွင်တိုက်ရိုက်ပေးချေနိုင်ပါသည်။ သင်အဆင်ပြေသော ဘဏ်အားအသုံးပြုနိုင်ပါသည်။
▼အခွန်ပေးဆောင်ခြင်းနှင့် ပတ်သတ်၍ စုံစမ်းမေးမြန်းရန် အခွန်ပေးဆောင်ရန်ဌာန (Shuno-ka) 0823-25-3204
※ လူမှုဖူလုံရေး အထောက်အပံ့အား ရရှိသူနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဆိုးရွားသော အပျက်အစီးများနှင့် ကြုံနေရသူတို့သည် အခွန်အားလျော့ချခြင်း၊ကင်းလွတ်ခြင်းရှိပါသဖြင့် ဆွေးနွေးတိုင်ပင်နိုင်ပါသည်။
▼အသေးစားယာဉ်အခွန် မြို့/ခရိုင်ဆိုင်ရာအခွန်နှင့် ပတ်သတ်၍ စုံစမ်းမေးမြန်းလိုပါက စည်ပင်အခွန်ဌာန (Shimin-zei-ka) 0823-25-3193


【ဗီဇာ အခမဲ့ ဆွေးနွေးပွဲ ၂၀၂၂ခုနှစ် အချိန်ဇယား】

ဟီရိုရှီးမားမြို့နယ် လူဝင်မှုကြီးကြပ်ရေးကော်မတီမှ အောက်ဖော်ပြပါရက်များတွင် ဗီဇာသက်တမ်းတိုးခြင်းနှင့် ပြောင်းလဲခြင်းများအတွက် အခမဲ့ဆွေးနွေးပွဲပြုလုပ်သွားမည်ဖြစ်သည်။ ကိုယ်ရေးအချက်အလက်များအား အပြင်သို့ ပေါက်ကြားစေခြင်းမရှိပဲ အခမဲ့ ဆွေးနွေးပေးသွားမည်ဖြစ်ပါသည်။
ဘာသာပြန်လိုအပ်ပါက ကြိုတင်စာရင်းပေးသွင်းပါ။
▼နေ့ရက်အချိန် : မေလ ၈ရက်နေ့ ၊ ဇူလိုင်လ ၁၀ရက်နေ့ ၊ စက်တင်ဘာလ ၁၁ရက်နေ့ ၊ နိုဝင်ဘာလ ၁၃ရက်နေ့ ၊ ဇန်နဝါရီလ ၈ရက်နေ့ ၊ မတ်လ ၁၂ရက်နေ့ တနင်္ဂနွေနေ့ 15:30~17:00
▼နေရာ : Kokusai koryu စင်တာ
▼စုံစမ်းမေးမြန်းရန် ဟီရိုရှီးမားမြို့နယ် လူဝင်မှုကြီးကြပ်ရေးကော်မတီ နိုင်ငံတကာစီးပွါးရေးကောင်စီ 0823-22-0970
(တာဝန်ခံ : Yamashita)


【WEBဗားရှင်း သဘာဝဘေးအန္တရာယ်ကာကွယ်ရေး မြေပုံအား ပြုလုပ်ပြီးစီးခြင်း】

သဘာဝဘေးအန္တရာယ်ကျရောက်နိုင်သည့်နေရာများအား ပြသထားသည့် WEBဗားရှင်း မြေပုံအား Home Pageတွင် ကြည့်ရှုနိုင်ပါပြီ။
ပုံမှန်အချိန်မှစ၍ သင်၏အိမ်၊ ကျောင်း၊ အလုပ်ခွင်၊ သွားလာရေးလမ်းကြောင်းစသည်တို့တွင် မည်သည့်သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ကြောင်းအား စစ်ဆေးကြပါစို့။ (မိမိ၏အသက်အား မိမိကိုယ်တိုင်ကာကွယ်ပါ) ဟူသော အသိစိတ်ဖြင့် သင်နေထိုင်ရာ အရပ်ဒေသအားကာကွယ်ရန် အိမ်၊ ကျောင်း၊ အလုပ်ခွင်နှင့် ရပ်ရွာများတွင် အသုံးပြုပါ။


《ဂျပန်စာ》


《အင်္ဂလိပ်စာ》
▼စုံစမ်းမေးမြန်းရန် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန (Kiki-kanri-ka) 0823-25-3326


【(မြို့ဖွံ့ဖြိုးတိုးတက်ရေးစင်တာများတွင် Wifi(အများပြည်သူသုံးကြိုးမဲ့ LAN) အသုံးပြုနိုင်ပါပြီ။)】

စင်တာများသို့ လာရောက်သူများ အဆင်ပြေစေရန် ရည်ရွယ်၍ ဧပြီလမှစ၍ မြို့ဖွံ့ဖြိုးတိုးတက်ရေးစင်တာများတွင် Wifiအသုံးပြုနိုင်တော့မည်ဖြစ်သည်။

▼အသုံးပြုပုံ
၁။ Wi-Fi「KURE_machi」ကိုရွေးပါ။

၂။ စကားဝှက်အားထည့်သွင်းပါ။ (စကားဝှက်ကို Wi-Fi တပ်ဆင်ထားသောနေရာများတွင် ရနိုင်ပါသည်။

▼အသုံးပြုနိုင်သောအချိန် 8:30~22:00(သဘာဝဘေးအန္တရာယ်ကြောင့် ကယ်ဆယ်ရေးစခန်း စဖွင့်ချိန်တွင် အကန့်အသတ်မရှိအသုံးပြုနိုင်မည်။)


▼စုံစမ်းမေးမြန်းရန် သတင်းအချက်အလက်စာရင်းအင်းဌာန (Joho-tokei-ka) 0823-25-3258