Kureမြို့မှ ကြေညာချက် ၂၀၂၂ခုနှစ် အောက်တိုဘာလ (မြန်မာဘာသာ)【နိုဝင်ဘာလ ၉ရက်နေ့မှ၁၅ရက်နေ့အထိ ဆောင်းဦးရာသီ တစ်နိုင်ငံလုံးဆိုင်ရာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလှုပ်ရှားမှု】

【နိုဝင်ဘာလ ၉ရက်နေ့မှ၁၅ရက်နေ့အထိ ဆောင်းဦးရာသီ တစ်နိုင်ငံလုံးဆိုင်ရာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလှုပ်ရှားမှု】

ဤရာသီသည် လေထုခြောက်သွေ့မှု မြင့်မား၍ မီးလောင်ကျွမ်းမှု အလွယ်တကူ ဖြစ်ပွားနိုင်သော ရာသီဖြစ်သည်။ သို့ဖြစ်ပါ၍ မီးလောင်လွယ်သောအရာများအား အသုံးပြုရာတွင် အထူးသတိပြုကြပါရန် တိုက်တွန်းအပ်ပါသည်။

《မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်း၏ အရေးကြီးသောအချက်များ》
○လဲလျောင်းလျှက် ဆေးလိပ်သောက်ခြင်းမပြုပါရန်။
○အပူပေးစက်အား မီးလောင်လွယ်သောအရာများနှင့် ဝေးရာတွင်ထား၍ အသုံးပြုရန်။
○ဟင်းချက်နေစဉ် ဂတ်စ်မီးဖိုအနီးအနားမှ ထွက်ခွာလျှင် မီးအားသေချာစွာပိတ်ပြီးမှသွားရန်။
○မီးပလပ်‌ပေါက်မှ ဖုန်များအား သန့်ရှင်းထားပြီး မလိုအပ်သော ပလပ်များအား ဖယ်ရှားထားပါ။
○လက်ပိုးသတ်ဆေးရည်သည် အရက်ပြန်ပါ၀င်သောကြောင့် မီးနှင့်ဝေးရာတွင် အသုံးပြုရန်။
○အိမ်သုံးမီးသတ်ခေါင်းလောင်း (Fire Alarm)အား စနစ်တကျ ထိန်းသိမ်းပြုပြင်ထားရန်။

▼စုံစမ်းမေးမြန်းရန်
မီးသတ်ဦးစီးဌာန Shobokyoku yobo-ka  0823-26-0323