Kureမြို့မှ ကြေညာချက် ၂၀၂၂ခုနှစ် အောက်တိုဘာလ (မြန်မာဘာသာ)【မီးလောင်လွယ်သော အမှိုက်များအတွက် သတ်မှတ်ထားသော အမှိုက်အိတ်များ (ပန်းရောင်အိတ်) မလုံလောက်မှုကြောင့် အမှိုက်စွန့်ပစ်ပုံနှင့် ပတ်သတ်၍】

【မီးလောင်လွယ်သော အမှိုက်များအတွက် သတ်မှတ်ထားသော အမှိုက်အိတ်များ (ပန်းရောင်အိတ်) မလုံလောက်မှုကြောင့် အမှိုက်စွန့်ပစ်ပုံနှင့် ပတ်သတ်၍】

ယခုအခါ မြို့တွင်းရှိဆိုင်များတွင် မီးလောင်လွယ်သော အမှိုက်များအတွက် သတ်မှတ်ထားသော အမှိုက်အိတ်များ မလုံလောက်မှုအခြေအနေကြောင့် အဆင်မပြေမှုများအတွက် တောင်းပန်အပ်ပါသည်။
ကိုရိုနာဗိုင်းရပ်ကူးစပ်မှုကြောင့် စက်ရုံများ၏ ထုတ်လုပ်နိုင်စွမ်းများ ကျဆင်းနေပြီး ထိုရလဒ်အနေဖြင့် စတိုးဆိုင်များသို့ ပစ္စည်းအဝင်နောက်ကျခြင်းများ ဖြစ်ပေါ်နေပါသည်။

●ယာယီအသုံးပြရန်
မီးလောင်လွယ်သော အမှိုက်များအားစွန့်ပစ်ရာတွင် သတ်မှတ်ထားသော အမှိုက်အိတ်ကို မြို့တွင်းရှိဆိုင်များတွင်ဝယ်ယူ၍မရနိုင်ပါက စျေးကွက်တွင် ဝယ်ယူနိုင်သော အိတ်အကြည်များ၊ အရောင်အနည်းငယ်နောက်သောအိတ်များ (၄၅လီတာဆန့်သောအိတ်) အား အသုံးပြုနိုင်ပါသည်။
အမည်းရောင်အိတ်အား အသုံးမပြုရပါ။
※မီးမလောင်နိုင်သော အမှိုက်များ၊ အရွယ်အစားကြီးသော အမှိုက်များကို စွန့်ပစ်သည့်အခါ ပုံမှန်သုံးနေကျ အမှိုက်အိတ်၊ စတစ်ကာများအား အသုံးပြုပါ။

●ယာယီအသုံးပြုရန် ကာလ
၂၀၂၂ခုနှစ် အောက်တိုဘာလ ၃ရက် (တနင်္လာနေ့) မှ ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၃၀ရက် (ဗုဒ္ဓဟူးနေ့) အထိ

▼စုံစမ်းမေးမြန်းရန်
သဘာဝပတ်ဝန်းကျင် ထိန်ူသိမ်းရေးဌာန စွန့်ပစ်ပစ္စည်းတာဝန်ခံ အဖွဲ့အစည်း 0823-25-3302
Kureအပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း(Kure shi kokusaikoryu kyokai) 0823-25-5607