Kureမြို့မှ အသိပေးချက် ၂၀၂၂ခုနှစ် နိုဝင်ဘာလ (မြန်မာဘာသာ)【ဆေးအညွှန်း ဖတ်နည်း】

【ဆေးအညွှန်း ဖတ်နည်း】

ဆေးရုံမှညွှန်ကြားပေးလိုက်သော ဆေးများတွင် ဆေးအညွှန်း ပါ၀င်ပါသည်။ ဆေးအညွှန်းတွင် မှန်ကန်သောသုံးစွဲပုံ၊ အကျိုးသက်ရောက်မှု၊ သောက်သုံးရာတွင် သတိပြုရမည့်အရာများနှင့် ဘေးထွက်ဆိုးကျိုး စသည်တို့အားရေးထားပါသည်။ ပါရှိသော အကြောင်းအရာများအား အင်တာနက်မှတဆင့်ရှာဖွေခြင်း (သို့) နားမလည်ပါက ဆရာဝန်၊ ဆေးဝါးပညာရှင်၊ စကားပြန်တို့နှင့် စစ်ဆေးပြီးမှ အသုံးပြုပါ။


★ ဆေးအညွှန်း(ဆေးဝါး အချက်အလက်ပါ လမ်းညွှန်ချက်)တွင် ဖော်ပြထားသောအရာများ ★

➀ ဆေးဓာတ်ပုံ
ဆေးဓာတ်ပုံပါပါသည်။ အမှားအယွင်း မရှိစေရန် သေချာ စစ်ဆေးပြီးမှ သောက်သုံးပါ။

➁ ဆေးနာမည်
ဆေးနာမည်ရေးထားပါသည်။

➂ ဆေးအကျိုးသက်ရောက်မှု၊ ရလာဒ်
ဆေးအကျိုးသက်ရောက်မှု၊ ရလာဒ်များအား ရေးထားပါသည်။

➃ ဆေးအသုံးပြုပုံ
အိပ်ယာထချိန်၊ မနက်၊ နေ့လည်၊ ည၊ အိပ်ယာမဝင်မီ၊ ဆေးဘယ်နှပြား၊ ဘယ်နှရက်သောက်ရမည် စသည်ကိုရေးထားပါသည်။ အစာမစားမီနှင့် အစာစားပြီးနောက် ကဲ့သို့သော မှတ်ချက်များလဲ ပါနိုင်သဖြင့် စစ်ဆေးပြီးမှသောက်သုံးပါ။

・အိပ်ယာထချိန် : မနက်အိပ်ယာထပြီးပြီးချင်း
・အစာမစားမီ : အစာအိမ်ထဲသို့ အစာမဝင်မီ (အစာမစားမီ ၁နာရီမှ မိနစ်၃၀မတိုင်ခင်)
・အစာစားပြီး : အစာအိမ်ထဲသို့ အစာဝင်အပြီး (အစာစားပြီး မိနစ်၃၀အတွင်း)
・အစာ တစ်ခုနှင့်တစ်ခုကြား : အစာ တစ်ခုနှင်တစ်ခုကြား (အစာစားပြီး ၂နာရီခန့်နောက်ပိုင်း)
※အစားစားချိန်အတွင်း သောက်ရန်ဟူသော အဓိပ္ပာယ် မဟုတ်ပါ။
・အိပ်ယာမဝင်မီ : အိပ်ယာမဝင်မီ မိနစ်၃၀ အလို
・ရပ်တန့်ခြင်း : ရုတ်တရက် အခြေအနေဆိုးလာခြင်း၊ ရောဂါလက္ခဏာများပြင်းထန်ချိန်

➄ သတိပြုရန်အချက်များ
ဆေးသောက်သုံးချိန်တွင် သတိပြုရမည့် အချက်များ၊ ဘေးထွက်ဆိုးကျိုးများအား ရေးထားပါသည်။「ဆေးသောက်ပြီးချိန်တွင် အိပ်ငိုက်လာနိုင်သဖြင့် ကားမမောင်းပါနှင့်」 စသည် နေ့စဉ်လူနေမှုဘဝတွင် သတိပြုရမည့် အရာများလည်း ပါဝင်ပါသည်။

~ဆေးစာအုပ်~
ဆေးစာအုပ်တွင် သင်ယခု အသုံးပြုနေသောဆေးများ၏ အမည်၊ အသုံးပြုပုံ စသည်တို့နှင့်ပတ်သက်သောအချက်အလက်များ၊ ယခင်အသုံးပြုခဲ့သော အချက်အလက်များ ပါဝင်ပါသည်။ ဆေးရုံတွင် ဆေးစစ်ချိန်၊ ဆေးလက်ခံယူချိန်များတွင် ဆရာဝန်၊ ဆေးဝါးပညာရှင်ထံ ဆေးစာအုပ်အား ပြပေးပါ။ ဆေးဝါးများ အသုံးများခြင်း၊ဆေးဝါးပေါင်းစပ်မှုများအား စစ်ဆေးနိုင်ပါသည်။