Kureမြို့မှ အသိပေးချက် ၂၀၂၂ခုနှစ် မေလ (မြန်မာဘာသာ)

【မေလ ၃၁ရက် (အင်္ဂါ) နောက်ဆုံးထား၍ အောက်ဖော်ပြပါ အခွန်များပေးဆောင်ရန်】

●အိမ်ခြံမြေအခွန် ပထမအကြိမ်
▼အိမ်ခြံမြေအခွန်နှင့် ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက : အိမ်ခြံမြေအခွန်ဌာန (Shisanzei-ka) 0823-25-3214
●အသေးစားယာဉ်အခွန်
▼အသေးစားယာဉ်အခွန်နှင့် ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက : စည်ပင်အခွန်ဌာန (Shiminzei-ka) 0823-25-3198

※ငွေပေးချေမှုနည်းလမ်းနှင့် ပတ်သက်၍
「ကောင်တာတွင် ငွေပေးချေခြင်း」၊「ဘဏ်အကောင့်မှတဆင့် ငွေလွှဲခြင်း」၊「ဖုန်းမှတဆင့် ငွေလွှဲခြင်း」တို့ ရှိပါသည်။ ဘဏ်သို့သွားရောက်ရန် အချိန်မပေးနိုင်သော၊ အခက်အခဲရှိသောသူများအနေဖြင့် ယုံကြည်စိတ်ချရပြီး အဆင်ပြေသော ဘဏ်အကောင့်မှတဆင့် ငွေလွှဲခြင်းနှင့် အချိန်မရွေး နေရာမရွေး အသုံးပြုနိုင်သော ဖုန်းမှတဆင့် ငွေလွှဲခြင်းတို့အား အသုံးပြုရန်တိုက်တွန်းအပ်ပါသည်။

▼ငွေပေးချေမှုနည်းလမ်းနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက : ဘဏ္ဍာရေးဌာန (Shuno-ka) 0823-25-3204


【တစ်ပြိုင်နက်တည်း ဘေးကင်းရာသို့ ရွှေ့ပြောင်းခြင်း လေ့ကျင့်မှုရှိပါသဖြင့် ဥဩစွဲသံကြားရမည်】

ဇွန်လ ၄ရက် (စနေနေ့) နံနက်၁၀နာရီမှစ၍ မြို့တွင်းတွင် တစ်ပြိုင်နက်တည်း ဘေးကင်းရာသို့ ရွှေ့ပြောင်းခြင်း လေ့ကျင့်မှု ပြုလုပ်မည်ဖြစ်သည်။ လေ့ကျင့်မှုစတင်ရာတွင် အချက်ပြသည့်အနေဖြင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဌာန၏ ရေဒီယိုမှ ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် အသိပေးဥဩစွဲမည်ဖြစ်သည်။ မြို့မှ ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် အသိပေးချက် ထုတ်ပြန်သောအခါတွင် သုံးသော ဥဩအသံအား စစ်ဆေးမှတ်သားပါ။ အချက်ပေးဥဩသံကြားပါက ကယ်ဆယ်ရေးစခန်းသို့ ရွှေ့ပြောင်းခြင်းလေ့ကျင့်မှုပြုလုပ်ကြည့်ပါ။ ထိုနေ့တွင် ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပြီးနောက် သိုလှောင်ထားသော ကုန်ပစ္စည်းများ၊ အိမ်သာအခြေအနေများအား စစ်ဆေးခြင်းစသည်တို့အား ပြုလုပ်နိုင်ရန်အတွက် အဆောက်အအုံအတွင်း လေ့လာကြည့်ရှုနိုင်ရန် စီစဉ်ထားပါသည်။

▼စုံစမ်းမေးမြန်းရန် : အရေးပေါ်အခြေအနေစီမံခန့်ခွဲရေးဌာန (Kikikanri-ka) 0823-25-3326