Kureမြို့မှ အသိပေးချက် ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ (မြန်မာဘာသာ)

【ဝက်သက်၊ ဂျိုက်သိုးနှင့် နမ်မိုကော့ကပ်ကာကွယ်ဆေးထိုးခြင်း (မတ်လ ၃၁ရက်နေ့အထိ)】

[ဝက်သက်၊ ဂျိုက်သိုး(အသက်၅~၆နှစ်ရှိသူ)]
▼သက်ဆိုင်သူ: ဒုတိယအကြိမ် ကာကွယ်ဆေးထိုးခြင်း (၂၀၁၅ခုနှစ် ဧပြီလ ၂ရက်မှ ၂၀၁၆ခုနှစ် ဧပြီလ ၁ရက်နေ့အတွင်း မွေးဖွားသူများ) ※မတ်လ ၃၁ရက် (ကြာသပတေးနေ့) ကျော်လွန်မှ ကာကွယ်ဆေးထိုးလိုပါက အခကြေးငွေ ယန်း၁သောင်းဝန်းကျင် ကုန်ကျမည်ဖြစ်သဖြင့် သတ်မှတ်ကာလအတွင်း ကာကွယ်ဆေးထိုးရန် မမေ့ပါနှင့်။ ကာကွယ်ဆေးထိုးသည့်နေ့တွင် မိခင်နှင့်ကလေးကျန်းမာရေးလက်စွဲစာအုပ်အား ယူဆောင်လာ၍ ကလေး၏ ကျန်းမာရေး အခြေအနေအား သေချာနားလည်သူပါ အတူတကွ လိုက်ပါပေးပါရန်။

[နမ်မိုကော့ကပ် (သက်ကြီးရွယ်အို)]
▼သက်ဆိုင်သူ: အောက်ဖော်ပြပါ နှစ်များတွင် မွေးဖွားသူဖြစ်ပြီး နမ်မို့ကော့ကပ် ကာကွယ်ဆေးမထိုးဖူးသူ
●၁၉၅၆ခုနှစ် ဧပြီလ ၂ရက် ~ ၁၉၅၇ခုနှစ် ဧပြီလ ၁ ရက် မွေးဖွားသူ
●၁၉၅၁ခုနှစ် ဧပြီလ ၂ရက် ~ ၁၉၅၂ခုနှစ် ဧပြီလ ၁ ရက် မွေးဖွားသူ
●၁၉၄၆ခုနှစ် ဧပြီလ ၂ရက် ~ ၁၉၄၇ခုနှစ် ဧပြီလ ၁ ရက် မွေးဖွားသူ
●၁၉၄၁ခုနှစ် ဧပြီလ ၂ရက် ~ ၁၉၄၂ခုနှစ် ဧပြီလ ၁ ရက် မွေးဖွားသူ
●၁၉၃၆ခုနှစ် ဧပြီလ ၂ရက် ~ ၁၉၃၇ခုနှစ် ဧပြီလ ၁ ရက် မွေးဖွားသူ
●၁၉၃၁ခုနှစ် ဧပြီလ ၂ရက် ~ ၁၉၃၂ခုနှစ် ဧပြီလ ၁ ရက် မွေးဖွားသူ
●၁၉၂၆ခုနှစ် ဧပြီလ ၂ရက် ~ ၁၉၂၇ခုနှစ် ဧပြီလ ၁ ရက် မွေးဖွားသူ
●၁၉၂၁ခုနှစ် ဧပြီလ ၂ရက် ~ ၁၉၂၂ခုနှစ် ဧပြီလ ၁ ရက် မွေးဖွားသူ
●ကာကွယ်ဆေးထိုးရန်ကာလတွင် အသက် ၆၀နှစ်နှင့်အထက် ၆၅နှစ်အောက်ရှိသူသည် နှလုံး၊ ကျောက်ကပ် သို့မဟုတ် အသက်ရှုစက်ဖြင့် အသက်ရှုနေရသော နေ့စဉ်နေထိုင်မှုဘ၀၊ လှုပ်ရှားမှုတွင် အခက်အခဲရှိသူ၊ HIVပိုးကြောင့် ကိုယ်ခံအားကျဆင်း၍ နေ့စဉ်နေထိုင်မှု ဘ၀၊ လှုပ်ရှားမှုတွင် အခက်အခဲရှိသူ (မိသားစုဆရာဝန်နှင့်တိုင်ပင်ပါ)
※ကာကွယ်ဆေးထိုးရန် လက်မှတ်လိုပါသည်။ လက်မှတ်များအား သက်ဆိုင်သူထံသို့ ယမန်နှစ် ဇွန်လတွင် ပေးပို့ထားပြီးဖြစ်ပါသည်။ လက်မှတ်ပျောက်ဆုံးသွားသောသူ၊ ၂၀၂၀ခုနှစ် ဇူလိုင်လနောက်ပိုင်းမှ Kureမြို့သို့ ပြောင်းရွှေ့လာ၍ ကာကွယ်ဆေးမထိုးဖူးသူများသည် ရပ်ကွက်ကျန်းမာရေးဌာနသို့ ဆက်သွယ်ပေးပါ။
▼ကာကွယ်ဆေးထိုးရန်နေရာ : မြို့တွင်းရှိ ကာကွယ်ဆေးထိုးခြင်း ပူးပေါင်းဆောင်ရွက်ပေးသော ဆေးဘက်ဆိုင်ရာအဖွဲ့အစည်း (ကြိုတင်စာရင်းပေးသွင်းပေးပါ)
▼စုံစမ်းမေးမြန်းရန် : ရပ်ကွက်ကျန်းမာရေးဌာန Chiki-hoken-ka 0823-25-3525


【ရေပိုက်များ အသုံးပြုခြင်းနှင့် စပ်လျင်း၍

[အိမ်အပြောင်းအရွှေ့အချိန်ကာလများတွင် ရေဝန်ဆောင်မှုကို စတင်အသုံးပြုခြင်း သို့မဟုတ် ရပ်နားခြင်းအတွက် လျှောက်ထားရန် အောက်ဖော်ပြပါ နည်းလမ်း ၃ခုရှိပါသည်။]
①ဖုန်း: Customer Service Center 0823-26-1622
②WEB : ရေဝန်ဆောင်မှုရုံး ဝဘ်ဆိုဒ်
https://www.city.kure.lg.jp/site/jougesui/list17.html

③စုံစမ်းမေးမြန်းရန် ကောင်တာ: Customer Service Center Tsubaki ခန်းမ ၃လွှာ (chuo 6-2-9)

[သင့်အိမ်တွင် ရေယိုစိမ့်မှုပြဿနာရှိပါက Kureမြို့မှ သတ်မှတ်ထားသော ရေပေးဝေရေး ဆောက်လုပ်ရေး ကုမ္ပဏီသို့ ပြုပြင်ပေးရန် ဆက်သွယ်ပါ။]
●မပြုပြင်ခင် ပြင်ဆင်မှုဆိုင်ရာ အသေးစိတ် အချက်အလက်များနှင့် ကုန်ကျစရိတ်အား အသေအချာ ရှင်းပြခိုင်းပါ။
●ရေဝန်ဆောင်မှုရုံး၏ Homepageတွင် Kureမြို့၏ ရေပေးဝေရေး ဆောက်လုပ်ရေး ကုမ္ပဏီများစာရင်းအား ဖော်ပြထားပါသည်။
https://www.city.kure.lg.jp/site/jougesui/customer-shiteigyosha.html

●ရေယိုစိမ့်မှုအား ပြုပြင်ပြီးပါက ရေအသုံးစရိတ်ပေးချေမှုအား လျှော့ပေးခြင်းစသည်တို့အား အခြေအနေပေါ်မူတည်၍ တောင်းဆိုနိုင်သည့် အခါများလည်းရှိသည်။ အသေးစိတ်အား Customer Service Center (ဖုန်း: 0823-26-1622) သို့ ဆက်သွယ်ဆွေးနွေးနိုင်ပါသည်။
▼စုံစမ်းမေးမြန်းရန် : မြို့နယ် ရေရရှိရေးနှင့် ရေပေးဝေရေး တာဝန်ခံရုံး Keiei-kikaku-ka 0823-26-1604