Kureမြို့မှ အသိပေးချက် ၂၀၂၂ခုနှစ် ဇူလိုင်လ (မြန်မာဘာသာ)

【နိုင်ငံခြားသားများ၏ အလုပ်အကိုင်ရှာဖွေခြင်းနှင့် လက်ရှိအလုပ်အားဆက်လက်လုပ်ကိုင်ရာတွင် လိုအပ်သော လုပ်ငန်းသုံးဂျပန်စာ အထောက်အကူပြုသင်တန်း】

လက်ရှိ ဂျပန်နိုင်ငံတွင်နေထိုင်နေသော နိုင်ငံခြားသားများအနက် အလုပ်အကိုင်ရှာဖွေနေသူများအတွက် ရည်ရွယ်သော ဂျပန်စာအတန်းဖြစ်သည်။

●တက်ရောက်နိုင်သောသူ
・အမြဲတမ်းနေထိုင်သူ
・အမြဲတမ်းနေထိုင်သူ၏ အိမ်ထောင်ဖက်စသည်
・ခေတ္တအခြေချနေထိုင်သူ
・ဂျပန်အိမ်ထောင်ဖက်ရှိသူ စသည်
●သင်တန်းကာလ
ဩဂုတ်လ ၃၁ရက် (ဗုဒ္ဓဟူးနေ့) မှ ဒီဇင်ဘာလ ၇ရက် (ဗုဒ္ဓဟူးနေ့)အထိ အပတ်စဥ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ၉:၀၀~၁၂:၀၀
●နေရာ
View Port Kure စတုတ္ထထပ် အလယ်ခန်းမ ( Kureမြို့ Nakadori 1-1-2 )
●သင်ခန်းစာ အကြောင်းအရာ
အဆင့် ၂ ( HIiragana၊ Katakana ရေးနိုင်ဖတ်နိုင်ပြီး ဂျပန်စာ အနည်းငယ်လေ့လာဖူးသူနှင့် နေ့စဉ်ဘဝတွင် လွယ်ကူရိုးရှင်းသော ဂျပန်စာအား အနည်းငယ် အသုံးပြုနိုင်သူများအတွက်)
▶လုပ်ငန်းခွင်အတွင်း ဆက်သွယ်ပြောဆိုမှု ( စကားဝိုင်း၊ စာရေးစာဖတ်ခြင်း )
လုပ်ငန်းခွင်သုံးအလေ့အကျင့်များ ( စာရွက်စာတမ်း လုပ်ထုံးလုပ်နည်းများ၊ လူမှုရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများစသည်) ကို နားလည်အောင် သင်ကြားပေးခြင်း၊ လုပ်ငန်းခွင်သုံး လွယ်ကူရိုးရှင်းသော အတည်ပြုခြင်း၊ ဆွေးနွေးခြင်း လုပ်ပုံလုပ်နည်းများအား သင်ကြားပေးခြင်း
▶အသက်မွေးဝမ်းကြောင်း အစီအစဉ်များ၊ အလုပ်ရှာဖွေခြင်းများ ( အလုပ်ခေါ်စာ၊ အလုပ်လျှောက်ရာတွင်လိုအပ်သော စာရွက်စာတမ်း ပြင်ဆင်ပုံများ၊ အင်တာဗျူးများ)
●သင်တန်းကြေး
အခမဲ့
●လျှောက်ထားနည်း
ဩဂုတ်လ ၁၉ရက် ( သောကြာနေ့ ) နောက်ဆုံးထား၍ Hello Work Kure သို့ ဖုန်းဖြင့် ဆက်သွယ်ပါ။ (0823-25-8609)

▼စုံစမ်းမေးမြန်းရန်
Hello Work Kure 0823-25-8609
ကုန်သွယ်မှုနှင့် စက်မှုမြှင့်တင်ရေးဌာန ( Shoko shinko-ka ) 0823-25-3310
Kureမြို့ နိုင်ငံတကာဆိုင်ရာ အဖွဲ့အစည်း ( Kure kokusai koryukyokai ) 0823-25-5607 (ဖုန်းဖြင့် ဂျပန်စကားပြောရန် အခက်အခဲရှိသူများအတွက်)


【နိုင်ငံခြားသားမျိုးရိုးရှိသော ကလေးများနှင့် ကျောင်းသားများအတွက် နွေရာသီကျောင်းပိတ်ရက် အိမ်စာပံ့ပိုးပေးမှု အစီအစဉ်ကို စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း】

စေတနာ့ဝန်ထမ်းများက သင်၏ နွေရာသီကျောင်းပိတ်ရက် အိမ်စာများအား ကူညီပေးမည်။ ကျောင်းစာများအား ပြန်နွှေးပေးခြင်းနှင့် ဂျပန်စာလေ့လာခြင်းများလည်း ရှိပါသည်။ အားလုံးတူတူ ဂိမ်းကစားခြင်းများနှင့် လက်လုပ်ပစ္စည်းလေးများ တီထွင်ခြင်းလည်းရှိပါသည်။

●ပါ၀င်နိုင်သောသူ
နိုင်ငံခြားသားမျိုးရိုးရှိသော မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားများ
●နေ့ရက်•အချိန်
ဇူလိုင်လ ၂၈ရက် ( ကြာသပတေးနေ့ )၊ ၃၀ရက် ( စနေနေ့ )၊ ဩဂုတ်လ ၄ရက် ( ကြာသပတေးနေ့ )၊ ၉ရက် ( အင်္ဂါနေ့ )၊ ၁၆ရက် ( အင်္ဂါနေ့ )၊ ၂၀ရက် (စနေနေ့ )၊ ၂၅ရက် ( ကြာသပတေးနေ့ )
၁၀:၀၀~၁၂:၀၀
●နေရာ
Kureမြို့တော် စည်ပင်သာယာရုံး ( Kure shiyakusho ) ပထမထပ် နိုင်ငံတကာဆိုင်ရာ အဖွဲ့အစည်းစင်တာ ( kokusai koryu စင်တာ )
●လျှောက်ထားနည်း
မြို့တွင်းရှိ မူလတန်း၊ အလယ်တန်းကျောင်းများတွင် လျှောက်လွှာစာရွက်များ ဖြန့်ဝေထားပါသည်။ စိတ်ပါဝင်စားသူများမှာ ကျောင်းတွင် စုံစမ်းမေးမြန်းခြင်း သို့မဟုတ် နိုင်ငံတကာဆိုင်ရာ အဖွဲ့အစည်းစင်တာ ( Kureမြို့ ပထမထပ် ) သို့ တိုက်ရိုက်ဆက်သွယ် လျှောက်ထားနိုင်ပါသည်။
●လျှောက်လွှာပိတ်မည့်ရက်
ဇူလိုင်လ ၂၂ရက် ( သောကြာနေ့ )

▼စုံစမ်းမေးမြန်းရန်

Kureမြို့ နိုင်ငံတကာဆိုင်ရာ အဖွဲ့အစည်း ( Kure kokusai koryukyokai ) ☎ 0823-25-5607  ✉ kurekiea@gmail.com


【လှပသော အနုပညာ ဖန်တီးခြင်း】

Kureမြို့တွင်းတွင် နေထိုင်သော နိုင်ငံခြားသားများ၊ နိုင်ငံခြားသားမျိုးရိုးရှိသူများ မိမိကြိုက်နှစ်သက်ရာ ရောင်စုံပန်းချီစက္ကူပေါ်တွင် ကြိုက်နှစ်သက်ရာ ရောင်စုံခဲတံ၊ စုတ်တံများဖြင့် မိခင်ဘာသာစကား ( ဂျပန်ဘာသာစကားသည် မိခင်ဘာသာစကားမဟုတ်သူများသာ ) ကိုအသုံးပြု၍ အနုပညာတစ်ခု ဖန်တီးကြစို့လား။
ထိုဖန်တီးထားသောအနုပညာအား “ယဉ်ကျေးမှုပေါင်းစုံ အနုပညာပြပွဲ” (နိုဝင်ဘာလလယ်တွင် ကျင်းပရန် စီစဉ်ထားသည်) တွင် ပြသသွားမည်ဖြစ်သည်။

●နေ့ရက်•အချိန်
ဩဂုတ်လ ၇ရက် ၁၄:၀၀~၁၅:၃၀
●နေရာ
နိုင်ငံတကာဆိုင်ရာ အဖွဲ့အစည်းစင်တာ ( kokusai koryu စင်တာ )ဘေးရှိ အစည်းအဝေးခန်း
(Kureမြို့တော် စည်ပင်သာယာရုံး ပထမထပ်)

●ပါဝင်ကြေး
အခမဲ့
※ဆေးရောင်ချယ်သော ဆေးများ ညစ်ပေနိုင်သဖြင့် သင့်တော်သော အဝတ်အစားများအား ဝတ်ဆင်လာပေးပါ။

▼စုံစမ်းမေးမြန်းရန်
Kureမြို့ နိုင်ငံတကာဆိုင်ရာ အဖွဲ့အစည်း ( Kure kokusai koryukyokai ) 0823-25-5607