Kureမြို့မှ အသိပေးချက် ၂၀၂၁ခုနှစ် နိုဝင်ဘာလ (မြန်မာဘာသာ)

【ကျန်းမာရေးအာမခံ၊ နှောင်းပိုင်းကာလသက်ကြီးရွယ်အို ဆေးကုသမှုအာမခံနှင့် ပြုစုစောင့်ရှောက်ရေးအာမခံ၊ ၀န်ထမ်းပင်စင်အာမခံ ပေးဆောင်မှုများ စစ်ဆေးအတည်ပြုချက် (နှစ်ကုန်စာရင်းရှင်းခြင်း)】

၂၀၂၁ ခုနှစ်အတွင်း ပေးဆောင်ခဲ့သော အာမခံအမျိုးအစားအသီးသီးမှ ပိုသောငွေပမာဏအား (လူမှုဖူလုံရေး အာမခံငွေ) 「Shakai-hokenryo-kojo」 အဖြစ် လွှဲပြောင်းယူရန် အကျုံးဝင်ပါသည်။
နှစ်မကုန်ခင်အတွင်း သင့်အလုပ်နေရာ၌ နှစ်ကုန်စာရင်းရှင်းရန်အတွက် (ပေးဆောင်ခဲ့သော အာမခံငွေပမာဏ အတည်ပြုချက်) 「Nofu-kakunin-sho」 အားလိုအပ်ပါက အောက်ဖော်ပြပါ ကောင်တာများတွင် လျှောက်ထားနိုင်ပါသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလနှောင်းပိုင်းတွင် လူမှုဖူလုံရေး အာမခံငွေအဖြစ် လွှဲပြောင်းယူခြင်းအား လျှေက်ထားရန်အတွက် (ပေးဆောင်ခဲ့သော အာမခံငွေပမာဏအသိပေးစာ) 「Nofu-zumi-gaku no oshirase」အားသင့်ထံပို့ပေးပါလိမ့်မည်။

ပေးဆောင်ခဲ့သော အာမခံငွေပမာဏ အတည်ပြုချက် ထုတ်ပေးသည့်ကောင်တာ

အာမခံအမျိုးအစား ထုတ်ပေးသည့်နေရာနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်
ကျန်းမာရေးအာမခံ (အခွန်)
နှောင်းပိုင်းကာလသက်ကြီးရွယ်အိုဆေးကုသမှုအာမခံ
သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး အာမခံ
အာမခံနှင့် ပင်စင်ဌာန (Hoken-nenkin-ka) 0823-25-3153
သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးဌာန (Kaigo-hoken-ka) 0823-25-3176
Shimin-madoguchi-ka ၊ သက်ဆိုင်ရာShiminစင်တာ
၀န်ထမ်းပင်စင်အာမခံ Kureပင်စင်ရုံး (Nenkin-jimusho) (Takara-machi 2-11) 0823-22-1691

※ဖုန်းဖြင့် ငွေပမာဏစစ်ဆေးမှုများအား လက်မခံပါ။
▼လိုအပ်သောအရာများ : ကောင်တာသို့လာရောက်လျှောက်ထားသူ၏ အာမခံကတ် သို့မဟုတ် မှတ်ပုံတင် (အစိုးရရုံးမှ ထုတ်ပေးထားသည့် ဓာတ်ပုံပါရှိသော လက်မှတ်)။ ကိုယ်စားလျှောက်ထားလိုပါက ကာယကံရှင်မှ တရားဝင်လွှဲပြောင်းကြောင်း ထောက်ခံစာ
※သင်ပေးဆောင်ခဲ့သော ၀န်ထမ်းပင်စင်အာမခံငွေပမာဏအား ဖော်ပြထားသည့် ထောက်ခံစာ 「Kojo-shomei-sho」အား နိုဝင်ဘာလ လဆန်းပိုင်းတွင် ဂျပန်ပင်စင်ရုံးမှ ပေးပို့နေပါသည်။


【မီးလောင်မှုများဖြစ်ပွားနေပါသည်။ 「အန္တရာယ်ရှိသောအမှိုက်များ」အား အခြားသောအမှိုက်များနှင့် ခွဲခြား၍ စွန့်ပစ်ပေးပါရန်

စွန့်ပစ်အမှိုက်စက်ရုံများနှင့် အမှိုက်ကားများ မီးလောင်မှုပြဿနာမှာ တစ်နိုင်ငံလုံးတွင် ဖြစ်ပွားနေပြီး Kureမြို့တွင်လည်း နှစ်စဉ် အများအပြား ဖြစ်ပွားလျက်ရှိသည်။သို့ဖြစ်ပါ၍ မီးတောက်လွယ်သောပစ္စည်းများဖြစ်သည့် အားပြန်ဖြည့်သွင်းနိုင်သော ဓာတ်ခဲအသေးများ (မိုဘိုင်းဘက်ထရီ)၊ မီးခြစ်များ၊ ဂက်စ်မီးဖိုအသေးများ၊ မီးလောင်လွယ်သော ဓာတ်ငွေ့ကိုအသုံးပြုထားသည့် ဆေးဖြန်းဘူးများအား အခြားသော အမှိုက်များနှင့် ရောနှောခြင်းမပြုပဲ 「အန္တရာယ်ရှိသောအမှိုက်များ」 (Yugai-kiken-gomi)အနေဖြင့် စွန့်ပစ်ပေးပါရန်။
▼စုံစမ်းမေးမြန်းရန် : Kankyo-seisaku-ka 0823-25-3302